အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ ခရမ်းသီး အာလူးနှပ်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်းတစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်နှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ခရမ်းသီး ၃၀၀ ဂရမ် (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
  • မြေပဲဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • အာလူး ၂၃၀ ဂရမ် (အခွံခွာပြီး အနေတော်အရွယ်အစား တုံးထားလိုက်ပါ)
  • ငရုတ်ပွ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးထဲသို့ ခရမ်းသီးထည့်ပြီး ဆား လက်ဖက်ရည်ဇွန်း ၂ ဖွန်းထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ဆားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။ ခရမ်းသီးများ ရေထဲတွင် နှစ်ဝင်သွားဖို့ရန်အတွက် အပေါ်မှ အဖုံးအသေးတစ်ခုဖြင့် ဖိထားလိုက်ပါ။ ထို့နောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်ပါက ရေများကို သွန်ပစ်ပြီးနောက် ခရမ်းသီးများကို ရေခြောက်အောင် သုတ်ပေးလိုက်ပါ။ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဖြူးပြီး သမအောင် နယ်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းရွက်ပြုတ်ရည်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်၊ သကြား၊ ဆားနှင့် ပြောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးများထည့်ကာ ကြော်ပေးလိုက်ပါ။ တစ်ခြမ်းက ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ခြမ်းလှန်ကာ ဆက်ကြော်ပေးရပါမယ်။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ အာလူးထည့်ကာ ကြော်ပေးလိုက်ပါ။ အာလူးက ရွှေညိုရောင်ပြောင်းသွားပါက ခရမ်းသီးပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၆။ ဒယ်အိုးထဲတွင် ဆီအများကြီး ကျန်နေပါက ခပ်ထုတ်လိုက်ပါ။ အိုးထဲတွင် ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာသာ ချန်ထားခဲ့ပါ။ ထို့နောက် ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ပြီးရင်တော့ အဆင့် (၃) က ပြုလုပ်ထားသော ဟင်းရွက်ပြုတ်ရည်အရောအနှောကို အိုးထဲထည့်လိုက်ပါ။

၇။ ထိုအရည်က ပျစ်သွားတဲ့အခါ ခရမ်းသီး အာလူးကြော်ကို အိုးထဲ လောင်းထည့်လိုက်ပါ။ ငရုတ်ပွ ထည့်ပြီးနောက် တစ်မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

ပြီးတာနဲ့ ချက်ချင်းပဲ ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ခရမ်းသီး အာလူးနှပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com