အားလုံးပဲ မင်္ဂလာပါ။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ အရွက်ကြော်လေးတစ်မျိုးမျိုးကတော့ မပါမဖြစ် ပါစမြဲပါနော်။ ဒီတစ်ခါမှာတော့ ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေခံတွင်းတွေ့မယ့် ချဉ်ပေါင်ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်စည်း – ၆ စည်း
  • ပုစွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပုစွန်ငပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း
  • ကြက်သွန်ဖြူ – ၄ မြွှာ

Source: moulmeinkitchen.blogspot.com

  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မျှစ် – ငါးကျပ်သား
  • ငရုပ်သီးစိမ်း – ၅ တောင့်

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ငရုတ်သီးစိမ်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှစ်မြွှာတို့ကို အနှစ်ဖြစ်တဲ့အထိထောင်းကာ ဘေးဖယ်ထားပါ။

၂။ ချဉ်ပေါင်ရွက်တွေချွေထားပြီး ရေဆေးကာ မျှစ်တွေကိုလည်း ရေဆေးပြီးစစ်ထားပါ။

၃။ ဆီကိုအပူပေးပြီး နနွင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဦးစွာထောင်းထားတဲ့ ငရုတ်သီးအနှစ်တို့ကိုထည့်ပြီး ရွှေရောင်သမ်းတဲ့အထိ မွှေနေပါ။ ရွှေရောင်သမ်းလာပြီဆိုရင် ချဉ်ပေါင်ရွက်တွေထည့်ပေးပါ။ ပုစွန်ငပိကိုတော့ ရေ စားပွဲတင်ဇွန်းတစ်ဇွန်းနှင့်ရောပြီးဖျော်ထည့်ကာ သေချာမွှေပါ။

၎။ ထို့နောက် မျှစ်ထည့်၊ ပုစွန်ခြောက်မှုန့်ထည့်ကာ ဆက်မွှေပါ။ ချဉ်ပေါင်ရွက်တွေ နွမ်းသွားပြီး မမြင်ရတော့တဲ့အထိ ၁၀ မိနစ်မှ ၁၅ မိနစ်လောက် ဆက်တိုက်မွှေပြီး ချက်နေပါ။

၅။ နောက်ဆုံးအနေနဲ့ ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး အုပ်ထားကာ ၃ မိနစ်လောက်ထားလိုက်ပါ။

ပြီးရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ