အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ တူနာငါး အာလူးကပ်သလစ် ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၁ လုံး (အခွံခွာပြီး လေးထောင့်အတုံး လှီးဖြတ်ထားပါ)
  • တူနာငါး စည်သွပ်ဘူး ၄ ဘူးစာ
  • ကြက်ဥ ၁ လုံး
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Dijon Mustard စားပွဲတင်ဇွန်း ၁ ဇွန်း

Tuna Can

  • ပေါင်မုန့်အကြေအစများ စားပွတြင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် အာလူးများထည့်ပါ။ ရေထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီးနောက် အဖုံးပိတ်ကာ မိနစ် ၂၀ ခန့် တည်ထားပါ။

၂။ အာလူးများ နူးအိသွားပြီဆိုရင်တော့ အာလူးများကို ဆယ်ယူပြီး ၂ မိနစ်ခန့် အအေးခံပါ။ ထို့နောက် ခက်ရင်းဖြင့် ချေမွလိုက်ပါ။

၃။ ထို့နောက် ထိုအာလူးများကို တူနာငါး၊ ကြက်သွန်နီ၊ ကြက်ဥ၊ Dijon Mustard၊ ကြက်သွန်ဖြူမှုန့်၊ ပေါင်မုန့်အကြေအစများ၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ တူနာငါး အာလူးနယ်ကို အနေတော် အဝိုင်းလေး ဝိုင်းပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက တူနာငါး အာလူးများထည့်ကာ တစ်ဖက်ကို ၃ မိနစ်စီ ကြော်ပေးရပါမယ်။

အာလူးကပ်သလစ်များ ရွှေညိုရောင် ပြောင်းသွားပါက မီးဖိုပေါ်က ချလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တူနာငါး အာလူးကပ်သလစ်လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Lifewithlorelai.com