စုစုပေါင်း ကြာမြင့်ချိန် ၂၅ မိနစ်
ရိုးရှင်းလွယ်ကူတဲ့ ဟင်းချက်နည်းလေးတစ်ခုမို့ ခုမှဟင်းစချက်မယ့်သူတွေလည်းအဆင်ပြေမှာပါ။
ပါဝင်ပစ္စည်း
ရေမုန်ညှင်း အသေး ၃ စည်း
ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ ၁ စိတ် (ပြားအောင်ရိုက်ပြီး တောက်တောက်စဉ်းပါ)
လတ်ဆတ်တဲ့ဂျင်း လက်မ၀က်(ပြားရောင်ရိုက်ပြီး တောက်တောက်စဉ်းပါ)
ခရမ်းချဉ်သီး ၁ လုံး (အစေ့ထုတ်ပြီး လှီးပေးပါ)
ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်
ချက်နည်း
ရေမုန်ညှင်းကို ချွေကာ ရေဆေးပြီး ရေဆစ်ထားပါ။ ဆီကိုအပူပေးပါ။ ပူလာပြီဆိုရင် ကြက်သွန်ဖြူနဲ့ ဂျင်းထည့်ပါ။ ၁ မိနစ်လောက် မွှေပေးပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်ပါ။ ပြဲသွားအောင် ထိချက်ပါ။ ပြီးရင် ရေမုန်ညှင်းထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းမှုန့်နည်းနည်းထည့်ပါ။ (အသားမှုန့်ထည့်ချင်ထည့်ပါ) ပြီးရင်နွှမ်းသွားတဲ့ထိမွှေပေးပါ။ (၁၀ မိနစ်လောက်ပဲကြာမှာပါ) ပြီးရင် မီးဖိုပေါ်ကချပြီး စားသုံးနိုင်ပါပြီ။
အဆီပါဝင်မှုနည်းပြီး ကိုလက်စရော ပါဝင်မှုနည်းပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင့်။