အသီးစုံသုပ် (Fruit Salad with Yoghurt and Mixed Fruits)aပါဝင်ပစ္စည်းများ
- သစ်သီးအစုံ – ၆၀၀ ဂရမ်
- သံပုရာရည် – ဇွန်းတစ်ဝက်(စားပွဲတင်ဇွန်း)
- ပျားရည် – ၂ဇွန်း (စားပွဲတင်ဇွန်း)
- ဒိန်ချဉ် (Yoghurt) – ၄၀၀ မီလီလီတာ တစ်ဗူး
- သကြား – ၃ဇွန်း (စားပွဲတင်ဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- ဒီအသီးစုံသုပ်နည်းကတော့ ကိုယ်ကြိုက်နှစ်သက်ရာ အသီးအစုံထည့်ပါ ။ (သရက်သီး ၊ စတော်ဘယ်ရီ၊ သခွားမသီး ၊ လိမ္မော်သီး.. …..)သစ်သီးအစုံကို ပန်းကန်လုံးထဲထည့်ပါ ။
- သစ်သီးအစုံ – ၆၀၀ ဂရမ် ၊ သံပုရာရည် – ဇွန်းတစ်ဝက်(စားပွဲတင်ဇွန်း) ၊ ပျားရည် – ၂ဇွန်း (စားပွဲတင်ဇွန်း)၊ ဒိန်ချဉ် (Yoghurt) – ၄၀၀ မီလီလီတာ တစ်ဗူး ၊ သကြား – ၃ဇွန်း (စားပွဲတင်ဇွန်း) အားလုံးကို သမအောင် ရောမွှေပြီး အေးစေရန်အတွက် ရေခဲသေတ္တာထဲ ခဏထည့်ပြီး အသင့်စားသုံးနိုင်ပါသည် ။
(မှတ်ချက်။ ။ ပုံတွင်ပြထားသည့် အသင့်စားဒီန်ချဉ် (Yoghurt) ဗူးများ စီးတီးမက်ကဲ့သို့ Market များတွင် ဝယ်ယူလို့ရပါသည်။)
Credit: ဇွဲသုသု