အသုပ်စုံ ချဉ်ချဉ်စပ်စပ်လေး မြည်းစမ်းကြည့်ချင်သူများအတွက် အာလူး၊ ကြက်ဥပြုတ်၊ ပဲပြား၊ ပဲပင်ပေါက်၊ သခွားသီး စတဲ့ ပါဝင်ပစ္စည်း စုံစုံလင်လင်နဲ့သုပ်ထားတဲ့ အာလူး ကြက်ဥအစုံသုပ် သုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • ပဲပြား ၂ တုံး
  • အာလူး ၂ တုံး (လေးထောင့် အတုံးငယ် တုံးထားပါ)
  • ပဲပင်ပေါက် ပန်းကန်လုံးအသေး တစ်လုံးစာ (ရေနွေးပူထဲတွင် တစ်မိနစ်ခန့်ပြုတ်ထားပါ)
  • သခွားသီး ၁ လုံး (ပါးပါးလှီးထားပါ)

  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • နံနံပင် အနည်းငယ်
  • ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုသီး ၁ လုံး (အရည်ညှစ်ထားပါ)
  • ရေ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၄ လုံးကို ပြုတ်ထားပါ။

ပဲပြားကို ပါးပါးလှီးပြီး ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ထားပါ။

အာလူးတုံးများကို ဆားရေထဲတွင် နူးအိနေအောင် ပြုတ်ပြီးနောက် ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ကြက်သွန်ဖြူ၊ ငရုတ်နှစ်တို့ဖြင့် ဆီသတ်ပါ။ ထို့နောက် မြေပဲထောပတ်၊ သံပုယိုရည်၊ ပျားရည်တို့ ပေါင်းထည့်ကာ ပွက်ပွက်ဆူလာသည်အထိ ထည့်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥပြုတ်များကို ခပ်သေးသေး စိပ်ထားပါ။ အာလူးပြုတ်၊ ပဲပြားကြော်၊ ပဲပင်ပေါက်၊ သခွားသီး၊ ငရုတ်သီး၊ နံနံပင်အနည်းငယ်တို့ထည့်ပါ။ ထို့နောက် စောစောက စပ်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် နယ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ကြက်ဥ အစုံသုပ်တစ်ပွဲ ရရှိသွားပါပြီ။

Source: Asianfoodnetwork.com