အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ခရမ်းသီး အစပ်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး အလုံးကြီး ၁ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • ငရုတ်သီးစိမ်း ၂ တောင့်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • လက်မအရွယ်အစားခန့် ဂျင်းတုံး ၁ တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ကြော်ရန် ဆီ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်နှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို ရေဆေးပြီးနောက် ပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကိုလည်း ပါးပါးလှီးထားပါ။

ပန်းကန်လုံးတစ်လုံးတွင် ပဲငံပြာရည်၊ ဆန်ဝိုင်နှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ခရမ်းသီးထည့်ကာ တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပါ။

ထို့နောက် ပဲငံပြာရည်အရောအနှောများ လောင်းထည့်ပါ။ ငရုတ်သီးများထည့်ပါ။

၄။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်များထည့်ကာ ခရမ်းသီးများ ပျော့အိသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

ထို့နောက် မီးပိတ်ပြီး နှမ်းဆီများ ဆမ်းထည့်လိုက်ပါ။ နောက်ဆုံးကျမှ နှမ်းစေ့များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီးအစပ်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Koreanbapsang.com