စွပ်ပြုတ်ဟင်းရည် ရှူးရှူးရှဲရှဲနဲ့ ပူပူနွေးနွေး စပ်စပ်လေး သောက်ချင်သူများအတွက် ဝက်နံရိုးစွပ်ပြုတ် အစပ်ချက် ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၃ ပေါင် (အနေတော် တုံးထားပါ)
  • ရေ ၇ ခွက် ( ၁ လီတာခွဲကျော်)
  • အာလူး ၃ လုံး (အခွံခွာပြီး အနေတော် အတုံး တုံးထားပါ)
  • မုန်ညှင်းထုပ် ၆ ရွက် (ရေဆေးထားပါ)
  • ပဲပင်အောင် ၁၀၀ ဂရမ် (ရေဆေးထားပါ)

  • ငရုတ်သီး ၂ တောင့်
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး ထက်ဝက်ခြမ်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၁ တုံး (အခွံခွာပြီး ပါးပါးလှိးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခပ်အမွှေးအကြိုင်များ

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေခဲရေအေးအေးထဲတွင် ဝက်နံရိုးများကို ၁ နာရီကြာအောင် စိမ်ထားပါ။ (၁၅ မိနစ်ခြားတစ်ကြိမ်စီ ရေလဲပေးပါ)

၂။ ဝက်နံရိုးများကို အိုးအကြီးတစ်လုံးထဲထည့်ပါ။ ထို့နောက် ဝက်နံရိုးများ မြှုပ်သွားသည်အထိ ရေထည့်ပြီးနောက် အဖုံးအုပ်ပါ။ မီးအပူပြင်းပြင်းဖြင့် ၁၀ မိနစ် တည်ထားပါ။ ထို့နောက် ဆယ်ယူပြီး ဝက်နံရိုးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။

၃။ တစ်ဖန် သန့်စင်သော အိုးအကြီးတစ်လုံးထဲတွင် ဝက်နံရိုးများ၊ ရေ ၁ လီတာခွဲကျော်နှင့် ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မီးအေးအေးဖြင့် မိနစ် ၃၀ မှ ၁ နာရီခန့် တည်ပါ။

၄။ ဝက်နံရိုး တည်ထားတဲ့အချိန်မှာ အာလူးပြုတ်ပါ။ မုန်ညှင်းရွက်ကိုလည်း ရေနွေးပူထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် ပြုတ်ပါ။

၅။ ဝက်နံရိုးအိုးက ပွက်ပွက်ဆူလာတဲ့အခါ ဝက်နံရိုးများကို ဆယ်ယူပါ။ ထို့နောက် ဝက်ရိုးပြုတ်ရည်များကို ဆန်ခါဖြင့် စစ်ယူပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်များကို လွှင့်ပစ်လိုက်လို့ရပါတယ်။

၆။ ဝက်ရိုးပြုတ်ရည်များကို သန့်စင်သောအိုးထဲ ပြန်ထည့်ပါ။ ဝက်နံရိုး၊ အာလူး၊ မုန်ညှင်းရွက်များထည့်ပါ။ ငရုတ်သီးမှုန့်၊ ငရုတ်သီးထောင်း၊ ပဲပိစပ်အနှစ်၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူ၊ ငါးငံပြာရည်၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အလယ်အလတ်မီးအပူချိန်ဖြင့် ၁၀ မိနစ်ခန့်တည်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက မီးအပူချိန် လျော့ပါ။ ပဲပင်ပေါက်နင့် ငရုတ်သီးတောင့်တို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် တည်ပါ။ နှမ်းစေ့ကြိုက်ပါက နှမ်း ထည့်ပေးပါ။ အခြားသော ဟင်းရွက်စိမ်းများ ထပ်ထည့်နိုင်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်နံရိုးစွပ်ပြုတ်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Mykoreankitchen.com