အားလုံးပဲ မင်္ဂလာပါ။ ရောဂါဘယများကို ကာကွယ်ပေးဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းရွက်ကြော်ကို နေ့စဉ်မှန်မှန်စားသုံးသင့်ပါတယ်။ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့ ကျန်းမာဖို့အတွက် ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီစိမ်း မုန်လာဥနီကြော်ဟင်းလျာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော် အတုံး လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၁ လုံး (ခပ်ရှည်ရှည်လှီးဖြတ်ထားပါ)
  • ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းဂေါ်ဖီစိမ်းကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် အနေတော် အတုံး လှီးဖြတ်ထားလိုက်ပါ။ မုန်လာဥနီကိုတော့ ခပ်ရှည်ရှည်ပုံသဏ္ဍာန်ဖြစ်အောင် လှီးဖြတ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေ ၇၅၀ မီလီလီတာထည့်ကာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆီအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက မုန်လာဥနီနှင့် ပန်းဂေါ်ဖီစိမ်းတို့ထည့်ကာ ၂ မိနစ်ခန့် တည်ထားလိုက်ပါ။ ၂ မိနစ်ပြည့်ပါက ဟင်းသီးဟင်းရွက်များကို ချက်ချင်းဆယ်ယူလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄။ ထို့နောက် ပန်းဂေါ်ဖီစိမ်းနှင့် မုန်လာဥနီတို့ထည့်ကာ သမအောင် မွှေကြော်ပါ။ ဆားအနည်းငယ် ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းရွက်ကြော်တစ်ပွဲ ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com