အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပင်လယ်စာချစ်သူများ အကြိုက်တွေ့သွားစေမယ့် ချဉ်စပ် ပုစွန်ဟင်းနှင့် ပန်းဂေါ်ဖီစိမ်းရောကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်ခွဲ (အခွံခွာပြီး ရေဆေး သန့်စင်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း ၇၀၀ ဂရမ် (ရေဆေးပြီး အနေတော် လှီးဖြတ်ထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)နှင့် နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ အပူပေးပါ။ ဆီပူလာပါက ပန်းဂေါ်ဖီစိမ်းများထည့်ကာ ၄ မိနစ်မှ ၆ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၂။ ထိုဒယ်အိုးထဲသို့ ကျန်ရှိနေသော ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ထို့နောက် ပုစွန်များထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ထို့နောက် ပုစွန်များကို အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ် ထပ်ကြော်ပါ။

၃။ ထို့နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ဟင်းရွက်ပြုတ်ရည်နှင့် ငရုတ်သီးဆော့စ် ထည့်ကာ ၁ မိနစ်ခန့် တည်ပါ။

၄။ ဟင်းရွက်ပြုတ်ရည် ခမ်းသွားပါက ပုစွန်များကို ဒယ်အိုးတစ်ခြမ်းသို့ ပို့ထားလိုက်ပါ။ ထို့နောက် ကျန်တစ်ဖက်ခြမ်းသို့ ပန်းဂေါ်ဖီစိမ်းများထည့်လိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့် အပူပေးပြီးသွားရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် နံနံပင်၊ သံပုယိုသီးစိပ်လေးများဖြင့် အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချဉ်စပ် ပုစွန်ဟင်း ပန်းဂေါ်ဖီစိမ်းရောကြော်လေး ရရှိသွားပါပြီ။

Source: Eatwell101.com