အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ကြက်သွန်မြိတ်အကြော် ပူပူလေးလုပ်စားကြရအောင် မျှဝေပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်း
- Buchimgaru (ကိုရီးယားဂျုံမှုန့်) (သို့) ရိုးရိုးဂျုံမှုန့် ၁ ခွက်
- ကြက်သွန်မြိတ် ၁၀ ပင်
- ကြက်သွန်နီ တစ်ခြမ်း ခပ်ပါးပါးလှီးပါ
- ပဲငံပြာရည် အနည်းငယ်
- ဆီအနည်းငယ်
ဆော့စ်လုပ်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီ ကို လှီးလိုက်ပါ။
ခွက်အကြီးထဲမှာ ဂျုံမှုန့်ကို ရေအေးအေးနဲ့ ဖျော်လိုက်ပါ။ ပဲငံပြာရည် ထည့်ပါ။
ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီ ထည့်လိုက်ပြီး နယ်ပေးလိုက်ပါ။
အိုးကို အပူပေးလိုက်ပြီး ဆီနည်းနည်းနဲ့ ထည့် ကြော်လိုက်ပါ။ တစ်ဖက် ရွှေရောင်သန်းပြီး ညိုလာမှ နောက်တစ်ဖက်ကို ပြောင်းပါ။
Source: www.koreanbapsang.com
By: MyFood Myanmar