အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ကြက်သွန်မြိတ်အကြော် ပူပူလေးလုပ်စားကြရအောင် မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • Buchimgaru (ကိုရီးယားဂျုံမှုန့်) (သို့) ရိုးရိုးဂျုံမှုန့် ၁ ခွက်
  • ကြက်သွန်မြိတ် ၁၀ ပင်
  • ကြက်သွန်နီ တစ်ခြမ်း ခပ်ပါးပါးလှီးပါ
  • ပဲငံပြာရည် အနည်းငယ်
  • ဆီအနည်းငယ်

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီ ကို လှီးလိုက်ပါ။

ခွက်အကြီးထဲမှာ ဂျုံမှုန့်ကို ရေအေးအေးနဲ့ ဖျော်လိုက်ပါ။ ပဲငံပြာရည် ထည့်ပါ။

ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီ ထည့်လိုက်ပြီး နယ်ပေးလိုက်ပါ။

အိုးကို အပူပေးလိုက်ပြီး ဆီနည်းနည်းနဲ့ ထည့် ကြော်လိုက်ပါ။ တစ်ဖက် ရွှေရောင်သန်းပြီး ညိုလာမှ နောက်တစ်ဖက်ကို ပြောင်းပါ။

Source: www.koreanbapsang.com

By: MyFood Myanmar