ကြက်ပြုတ်ရည်နဲ့ ကြော်ထားတဲ့ ဟင်းနုနွယ်က သာမန်ကော်မှုန့်နဲ့ ကြော်ထားတဲ့ ဟင်းနုနွယ်ကြော်နဲ့ အရသာ လုံးဝကွာခြားပါတယ်။ အရသာလည်း ကွာသလို ဟင်းထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်ကလည်း ပိုမိုမြင့်မားပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ (သို့) ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ထားပါ)
  • ဂျင်းတုံး အသေးတစ်တုံး (အခွံခွာထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဟင်းနုနွယ် ၄၅၀ ဂရမ်

  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းနုနွယ်ကို ရေဖြင့် သေချာဆေးကြောပြီးနောက် ရင့်သော အစိတ်အပိုင်းကို ဖယ်ရှားထားပါ။ ထို့နောက် အရိုးနှင့် အရွက်တို့ကို ခြွေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ကြက်ပြုတ်ရည် လောင်းထည့်ပြီး ဆူပွက်လာသည်အထိ တည်ပါ။ ကြက်ပြုတ်ရည် ဆူပွက်လာပါက ဟင်းနုနွယ်ထည့်ကာ ဒယ်အိုးအဖုံးအုပ်ပြီး တစ်မိနစ်ခန့် တည်ထားပါ။

၄။ ထို့နောက် အဖုံးဖယ်ရှားပြီး ဟင်းရည်ထဲသို့ အရွက်များ အားလုံး နစ်မြှုပ်သွားဖို့ရန်အတွက် မွှေပေးလိုက်ပါ။ တစ်ဖန် အဖုံးပြန်အုပ်ပြီးနောက် ဟင်းနုနွယ်များ နူးသွားသည်အထိ တည်ပေးလိုက်ပါ။

၅။ ဆားအနည်းငယ် ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ထို့နောက် မီးဖိုပေါ်ကချပြီး ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ပြုတ်ရည်ထည့်ချက်ထားသော ဟင်းနုနွယ်ကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Omnivorescookbook.com