အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သပ်သတ်လွတ်သမားများအတွက် ပန်းဂေါ်ဖီအကြွပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

  • ပန်းဂေါ်ဖီ တစ်ပွင့်
  • ရေ ၆၀ မီလီလီတာ
  • ဂျုံမှုန့် ၁၂၈ ဂရမ်
  • လှော်ထားသော နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မြေပဲဆီ ၂၅၀ မီလီလီတာ

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၂၅၀ မီလီလီတာ
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းဂေါ်ဖီကို အနေတော် အတုံး တုံးထားလိုက်ပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ ဆား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ရေနှင့် ဂျုံမှုန့် ၄ ပုံ ၁ ပုံတို့ကို မုန့်နှစ်ဖြစ်သွားအောင် ရောမွှေထားလိုက်ပါ။

ပန်းဂေါ်ဖီကို ထိုမုန့်နှစ်ထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ကျန်ရှိနေသော ဂျုံမှုန့် ၄ ပုံ ၁ ပုံကို ထပ်မံရောထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၂။ ဒုတိယအဆင့်အနေနဲ့ နှမ်းစေ့များကို ပန်းဂေါ်ဖီပေါ်တွင် ဖြူးထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပန်းဂေါ်ဖီများထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပန်းဂေါ်ဖီများ ရွှေညိုရောင် ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ်တွင် တင်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပြီး ဂျင်းထည့်ကာ ၁၅ စက္ကန့်ခန့် ဆီသတ်လိုက်ပါ။ ကြက်သွန်ဖြူထည့်ကာ ၁၀ စက္ကန့်ခန့် မွှေပေးလိုက်ပါ။ ဟ င်းချက်ဝိုင်၊ နှမ်းဆီ၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ သကြားနှင့် ရေတို့ထည့်ကာ မီးအပူအေးအေးဖြင့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၄။ ပွက်ပွက်ဆူလာပါက ပြောင်းမှုန့်အရည်ထည့်ကာ စက္ကန့် ၂၀ ခန့် မွှေပေးလိုက်ပါ။ ထိုအရည်က ပျစ်လာပြီဆိုရင်တော့ ပန်းဂေါ်ဖီနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပန်းဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com