အားလုံးပဲ မင်္ဂလာပါ။ ဟင်းသီးဟင်းရွက်ကြော်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ဆွေမျိုးမေ့သွားစေမယ့် ခရမ်းသီးကြွပ်ကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၁ လုံး
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီအနည်းငယ်

မုန့်နှစ်ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၉၆ ဂရမ်
  • ရေ ၁၂၅ မီလီလီတာ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို အခွံခွာပြီးနောက် ခပ်ရှည်ရှည် လှီးဖြတ်ထားပါ။ ထို့နောက် ဆားနှင့် နယ်ထားပြီးနောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ပန်းကန်ထဲကအရည်များကို ဖယ်ထုတ်လိုက်ပါ။

၂။ ဆော့စ်ပြုလုပ်ရန်အတွက် အရင်ဦးဆုံး ကြက်သွန်မြိတ်ကို ပါးပါးလှီးလိုက်ပါ။ ထို့နောက် သကြား၊ ရေ၊ ဆန်ရှာလကာရည်၊ ခရုဆီ၊ Ketchup တို့ဖြင့် သမအောင် မွှေထားလိုက်ပါ။

၃။ မုန့်နှစ် ပြုလုပ်ရန်အတွက် ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ရေနှင့် ကြက်ဥတို့ကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီး သမအောင် မွှေခလောက်ထားလိုက်ပါ။

၄။ ခရမ်းသီးများကို မုန့်နှစ်ထဲထည့်နယ်လိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးများထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်လိုက်ပါ။

၆။ တစ်ဖန် ထိုခရမ်းသီးများကို ဆီပူထဲထည့်ပြီး အပူချိန်ပြင်းပြင်းဖြင့် စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဆီစုပ်စက္ကူထဲထည့်ပြီး ဆီများကို စစ်ထုတ်လိုက်ပါ။

၇။ အခြားဒယ်အိုးတစ်လုံးထဲတွင် အဆင့် (၃)က ဖျော်ထားသော ဆော့စ်များထည့်ကာ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။ ဆော့စ်များ ပျစ်သွားပါက ခရမ်းသီးကြော်များထည့်ကာ မိနစ်အနည်းငယ်ကြာ မွှေကြော်ပေးလိုက်ပါ။

၈။ ရရှိလာတဲ့ ခရမ်းသီးကြော်ကို ပန်းကန်ပြားထဲပြောင်းထည့်ပြီးနောက် ကြက်သွန်မြိတ်လေးဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com