မီးဖိုချောင်ထဲမှာ အချိန်တွေ အများကြီး မဖြုန်းချင်သူများအတွက် မရှိမဖြစ်သိထားသင့်တဲ့ နည်းလမ်းကောင်းတစ်ချို့ရှိပါတယ်။ ထိုနည်းလမ်းကောင်းတွေထဲကမှ ပိုမိုလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အာလူးကို မြန်မြန်လှီးဖြတ်ချင်တယ်ဆိုရင်

အရင်ဦးဆုံး အာလူးကို ထက်ဝက်ပိုင်းထားလိုက်ပါ။ ထို့နောက် အာလူးတစ်ဝက်ကို ပန်းသီးလှီးတဲ့ ဓားအဝိုင်းဖြင့် လှီးဖြတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ စက္ကန့်ပိုင်းအတွင်းမှာတင် အာလူးတွေကို မြန်မြန်လှီးဖြတ်နိုင်ပါပြီ။

မမှည့်သေးတဲ့ငှက်ပျောသီးကို မှည့်စေချင်တယ်ဆိုရင်

အရင်ဦးဆုံး ငှက်ပျောသီးများကို Oven ထဲထည့်မယ့် လင်ဗန်းထဲမှာ အစီအရီ တင်ထားလိုက်ပါ။ ထို့နောက် ၁၇၀ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ Oven ထဲမှာ မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။ မိနစ် ၂၀ ပြည့်တဲ့အခါ ငှက်ပျောသီးများကို အခြားတစ်ဘက်သို့ လှန်လိုက်ပြီး Oven ထဲမှာ နောက်ထပ် မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။

ကညွှတ်များကို တာရှည်အထားခံချင်တယ်ဆိုရင်

အရင်ဦးဆုံး ကညွှတ်ရဲ့မာကြောပြီး ရင့်ထော်နေတဲ့အောက်ခြေကို တစ်လက်မခန့် လှီးဖြတ်ပစ်လိုက်ပါ။ ထို့နောက် ရေ ၂ လက်မခန့် ထည့်ထားတဲ့ ဖန်ပုလင်းထဲမှာ ကညွှတ်တွေ ထည့်ထားလိုက်ပါ။ ပြီးရင် ကညွှတ်ရဲ့ထိပ်ဖျားတွေကို ကြွပ်ကြွပ်အိတ်ဖြင့် ချည်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ ရက်သတ္တပတ် ၂ ပတ်အထိ အထားခံပါတယ်။ အသုံးပြုခါနီးကျမှ ရေဆေးပြီး ကြော်စား၊ ချက်စားနိုငပါတယ်။

အာလူးကို မြန်မြန်အခွံခွာချင်တယ်ဆိုရင်

စာဖတ်သူက အာလူးချစ်သူဆိုရင်တော့ ဒီနည်းလမ်းကို မဖြစ်မနေသိထားသင့်ပါတယ်။ အရင်ဦးဆုံး အိုးတစ်လုံးထဲမှာ ရေထည့်ပြီးနောက် အာလူးများထည့်ကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ ထို့နောက် အာလူးများကို ရေနွေးထဲက ဆယ်ယူပြီးနောက် ရေခဲတုံးများအပြည့်ထည့်ထားတဲ့ ရေခဲရေထဲ ချက်ချင်းပြောင်းထည့်လိုက်ပါ။ စက္ကန့် ၂၀ ခန့် ထည့်စိမ်ပြီးသွားတဲ့အခါမှာတော့ ထိုအာလူးတွေကို အလွယ်တကူအခွံခွာလိုက်လို့ရပါပြီ။

Source: Ohsimply.com