အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယား ရေညှိထမင်းလိပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး အလုံးကြီး ၁ လုံး
  • ဆား အနည်းငယ်
  • ကြက်ဥ ၃ လုံး
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ဝက်ပေါင်ခြောက် ၆ ချပ် (အရှည်လိုက် ပါးပါးလှီးထားပါ)

  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှိးထားပါ)
  • ကိုရီးယား ငါးအူချောင်း ၃ ချောင်း (အရှည်လိုက် ပါးပါးလှီးထားပါ)
  • နှမ်းဆီ အနည်းငယ်
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ဂဏန်းချောင်း ၃ ချောင်း (အချောင်းလိုက် ပါးပါးလှီးထားပါ)

(မိမိကြိုက်နှစ်သက်ရာ အခြားပါဝင်ပစ္စည်းများလည်း ထပ်ထည့်နိုင်ပါသေးတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးများကို အချောင်းလိုက် ခပ်ရှည်ရှည်နှင့် ပါးပါးလှီးဖြတ်ထားပါ။ ပန်းကန်ပြားထဲထည့်ကာ ဆားဖြင့် နယ်ထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ဥများကို ဆားအနည်းငယ်ဖြင့် မွှေခလောက်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ ကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ကြက်ဥကြော်ကို သခွားသီးနှင့် အရွယ်အစားတူ လှီးဖြတ်ထားလိုက်ပါ။

၄။ သခွားသီးကို ရေဆေးပြီးနောက် အဝတ်စသန့်သန့်ဖြင့် ခြောက်အောင် သုတ်ပါ။

ထို့နောက် ဒယ်အိုးထဲထည့်ကာ ဆီနည်းနည်းဖြင့် ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၅။ ဝက်ပေါင်ခြောက်များကိုလည်း ဆီနည်းနည်းဖြင့် ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပါ။

၆။ မုန်လာဥနီများကိုလည်း ဆီပူထဲထည့်ကာ ဆားအနည်းငယ်ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပါ။

၇။ ငါးအူချောင်းများကိုလည်း ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၈။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထမင်းထည့်ပါ။ နှမ်းဆီ၊ နှမ်းစေ့နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၉။ ထို့နောက် ထမင်းလိပ်မယ့် ဝါးဖျာပေါ်သို့ ရေညှိတစ်ပြား တင်ထားပါ။ ထမင်းကို ယောင်းမဖြင့် တစ်ဇွန်းစာခန့် ခပ်ယူပြီးနောက် ရေညှိပြားရဲ့ ၄ ပုံ ၃ ပုံခန့် ဖုံးသွားအောင် ဖိပေးလိုက်ပါ။

၁၀။ ထို့နောက် ထမင်းရဲ့အလယ်တည့်တည့်ပေါ်တွင် သခွားသီး ၁ ချောင်၊ ကြက်ဥ၊ ဝက်ပေါင်ခြောက်၊ ငါးအူချောင်း၊ ဂဏန်းချောင်းတို့ကို တစ်ချောင်းချင်းစီ ထည့်ပါ။ မုန်လာဥနီအနည်းငယ် ထည့်ပါ။

၁၁။ ထို့နောက် ထမင်းလိပ်ကို အသာအယာလေး လိပ်ပေးလိုက်ပါ။

ရရှိလာတဲ့ ထမင်းလိပ်ကို လှီးဖြတ်ဖို့ရန်အတွက် အရင်ဦးဆုံး ဓားကို နှမ်းဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ပြီးမှ အညီအညာ လှီးဖြတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရေညှိထမင်းလိပ်လေး ရရှိသွားပါပြီ။

Source: Seriouseats.com