အားလုံးပဲ မင်္ဂလာပါ။ ရှူးရှူးရှဲရှဲ ဟင်းရည်စပ်စပ်လေးကိုမှ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် အာလူးဟင်းရည်စပ်စပ်လေး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး
  • သခွားသီး (သို့) ဂေါ်ရခါသီး (သို့) မိမိနှစ်သက်ရာဟင်းသီးဟင်းရွက်တစ်မျိုး
  • ကြက်သွန်မြိတ် ၂ ပင်
  • ငရုတ်သီးစိမ်း ၂ တောင့်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဝက်သား (သို့) အမဲသား ၃ အောင်စ
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း တစ်ဝက်
  • ရေ ၂ ခွက် (၅၀၀ မီလီလီတာ)

ပြုုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီး (သို့) ဂေါ်ရခါးသီးနှင့် အာလူးတို့ကို အနေတော်အတုံး လှီးဖြတ်ထားလိုက်ပါ။ ကြက်သွန်မြိတ်ကိုတော့ ၂ လက်မအရှည် လှီးဖြတ်ထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ဝက်သား (သို့) အမဲသား ချက်ရပါမယ်။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ဝက်သား (သို့) အမဲသားများထည့်ပါ။ ငရုတ်နှစ်နှင့် ပဲပိစပ်အနှစ်တို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ရေ ၅၀၀ မီလီလီတာထည့်ကာ ဆူပွက်လာအောင် တည်ထားပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ အာလူးများထည့်ကာ ၂ မိနစ်ခန့် တည်ပါ။ ထို့နောက် သခွားသီး (သို့) ဂေါ်ရခါးသီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပါ။

၄။ အာလူးနှင့် ဟင်းရွက်များ နူးအိသွားသည်အထိ တည်ထားလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူးဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com