အားလုံးပဲ မင်္ဂလာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်များကို ရောဂါကာကွယ်ပေးဖို့အတွက် များများစားသုံးသင့်တာကြောင့် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ သခွာသီး အပ်မှိုသုပ် အရံဟင်းလျာ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • အပ်မှို ၃၀၀ ဂရမ် (ရင့်သောအစိတ်အပိုင်းများကို ဖယ်ရှားလိုက်ပါ)
  • သခွားသီး ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အလယ်အလတ်အရွယ်အစားရှိ အိုးတစ်လုံးထဲသို့ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက အပ်မှိုထည့်ပြီး တစ်မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ တစ်မိနစ်ပြည့်ပါက ချက်ချင်းဆယ်ယူလိုက်ပြီးနောက် ဘုံဘိုင်ခေါင်းရေဖြင့် ဆေးကြောလိုက်ပါ။

၂။ သခွားသီးကို အချောင်းလိုက် ပါးပါးလှီးပြီးသွားပါက ပန်းကန်လုံးထဲပြောင်းထည့်ထားပါ။ ထို့နောက် အပ်မှို၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆားနှင့် နှမ်းဆီတို့ထည့်ကာ သမအောင်နယ်ထားလိုက်ပါ။

၃။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ သခွားသီး အပ်မှိုသုပ်အရံဟင်းလေး ရရှိသွားပါပြီ။

Source : Omnivorescookbook.com