ပါဝင်ပစ္စည်းများ
- ဖရုံရွက်
- ပဲပုပ် – ၁ ချပ် (မီးကင်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ ။)
- ကြက်သွန်ဖြူ ဆီချက်
- ခရမ်းချဉ်သီး
- ပင်စိမ်း
- ဆား
- ဟင်းချိုမှုန့်
- သံပုရာသီး
ပြုလုပ်နည်း
- ဖရုံရွက်ကို ပြုတ်၍ စိမ်းစိမ်းလေးဖြစ်အောင် ရေအေးနှင့် ပြန်ဆေးပါ ။
- ပြီးလျင် ပြုတ်ထားသော ဖရုံရွက်ကို ပဲပုပ်မှုန့် ၊ ကြက်သွန်ဖြူ ဆီချက် ၊ ခရမ်းချဉ်သီး ၊ ဆား ၊ ဟင်းချိုမှုန့် ၊ ပင်စိမ်းရွက် ၊ သံပုရာသီးကု ညှစ်၍ သုပ်ပါ ။
- အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ ။
Credit: Phyu Phyuhnin