အားလုံးပဲ မင်္ဂလာပါ။ ပင်စိမ်းနံ့ သင်းသင်းလေးနဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီး ပုစွန်ဟင်းလျာ ချက်ပြုတ်နည်းကို ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၃ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ခရမ်းချဉ်သီး ၂၈ အောင်စ (အနေတော် အတုံး တုံးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပုစွန် ၁ ပေါင် (အခွံချွတ်ကာ ရေဆေးသန့်စင်ထားပါ)
  • ပင်စိမ်းရွက် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို မီးအေးအေးဖြင့် အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ခရမ်းချဉ်သီး၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် ပျားရည်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

ခရမ်းချဉ်သီးအရည်များ ပျစ်သွားသည်အထိ ၁၅ မိနစ်ခန့် တည်ထားရပါမယ်။ မကြာခဏ မွှေပေးဖို့လည်း လိုပါတယ်။

၃။ ခရမ်းချဉ်သီး ပျစ်သွားပြီဆိုရင်တော့ ပုစွန်များကို ခရမ်းချဉ်သီးပေါ်မှာ အစီအရီ တင်ထားလိုက်ပါ။

ထို့နောက် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲသို့ ထိုပုစွန်ဒယ်အိုးကို ၁၅ မိနစ်ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲကထုတ်ပြီး ပင်စိမ်းရွက်အုပ်လိုက်ပါ။

ဒါဆိုရင်တော့ ပင်စိမ်းရွက်အနံ့ သင်းသင်းလေးနဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီး ပုစွန်ဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com