အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ဂရိစတိုင်လ် ချက်ပြုတ်နည်းနဲ့ ချက်ပြုတ်ထားတဲ့ သံပုယိုရည် အာလူးမီးဖုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင်ခွဲ (အခွံခွာပြီး လေးစိပ် စိပ်ထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • သံပုယိုသီး ၁ လုံး (အရည်ညှစ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ သံပုယိုရည်၊ သံလွင်ဆီ၊ ကြက်ပြုတ်ရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ အာလူး ထည့်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် အာလူးများ ထည့်လိုက်ပါ။ အာလူးပေါ်တွင် စောစောက သမအောင် မွှေထားသော ကြက်ပြုတ်ရည်များ လောင်းထည့်လိုက်ပါ။

၄။ ထို့နောက် Oven ထဲ ထည့်ကာ ၄၅ မိနစ်ခန့် အပူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက အာလူးများကို အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၄၅ မိနစ်ခန့် အပူပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ သံပုယိုရည် စိမ့်ဝင်နေတဲ့ အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Spendwithpennies.com