အစား စားတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရဓာတ်များ ပြည့်ဝစုံလင်စွာ ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာ အစာအုပ်စု (၃) မျိုးစလုံး ပြည့်ဝစုံလင်စွာ စားသုံးနိုင်ဖို့အတွက် ပဲတောင့်ရှည် ပုစွန်ကြက်ဥမွှေကြော်ဟင်းလျာ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ ကောင် (အခွံခွာထားပါ)
  • ကြက်ဥ ၄ လုံး
  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း (ရေစိမ်ထားပါ)
  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

Source: Deliciouslyorganic.net

  • ပဲတောင့်ရှည် ၁ တောင့် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်လိုက်ပါ။ ငရုတ်ကောင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စီတို့ကို ကြက်ဥထဲထည့်ပြီး ကြက်ဥကို ခပ်ပြင်းပြင်းလေး မွှေခလောက်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ထားလိုက်ပါ။

၃။ ပြီးရင်တော့ ပုစွန်များ ထည့်ကြော်ပါ။ ထို့နောက် ပဲတောင့်ရှည်၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ (သင့်အနေနဲ့ ပုစွန် မကြိုက်ပါက မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး အစားထိုးနိုင်သလို ပဲတောင့်ရှည် မကြိုက်ဘူးဆိုရင်လည်း ဟင်းသီးဟင်းရွက်တစ်မျိုး အစားထိုးနိုင်ပါတယ်)

၄။ ၂ မိနစ်ပြည့်တဲ့အခါမှာတော့ မွှေခလောက်ထားသော ကြက်ဥများကို ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။ ၁ မိနစ်လောက်ကြာမှ ကြက်ဥကြော်ကို အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ပဲတောင့်ရှည် ပုစွန်ကြက်ဥမွှေကြော် ရရှိသွားပါပြီ။ ထမင်းနဲ့ အတူတူ အရသာရှိရှိ တွဲဖက်စားသုံးလိုက်ပါ။

Source: Asianfoodchannel.com