အားလုံးပဲ မင်္ဂလာပါ။ ဘိုစားပဲနှင့် ပဲပြား (သို့) တို့ဟူးကို နုပ်နုပ်စဉ်းထားတဲ့ ဝက်သားနဲ့ အရသာရှိရှိ ကြော်စားလို့ရမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ချက်ပြုတ်နည်းကလည်း လွယ်ကူရိုးရှင်းတာကြောင့် မိမိအိမ်မှာ အလွယ်တကူကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
• ဘိုစားပဲ တစ်ပေါင်ခန့် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)
• တို့ဟူး (သို့) ပဲပြား ဝ.၅ ပေါင် (တစ်လက်မပတ်လည် ကုဗတုံး တုံးထားပါ)
• ငရုတ်ပွ တစ်လုံး (အတုံးသေးသေး တုံးထားပါ)
• ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်းစီ

• ကြက်သွန်ဖြူ ၃ မြွှာနှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
• သကြားနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
• ပဲပြား (သို့) တို့ဟူးကြော်ရန် ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ဝက်သားကို ပဲငံပြားရည်၊ ဟင်းချက်ဝိုင်၊ သကြားနှင့် ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ တို့ဟူး (သို့) ပဲပြားများကို ၁၀ မိနစ်ခန့် ကြော်ပေးရပါမယ်။ ပဲပြား (သို့) တို့ဟူးများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၃။ ထို့နောက် စောစောက ဒယ်အိုးထဲသို့ ဝက်သားများကို ၅ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် အခြားပန်းကန်ထဲသို့ ဆယ်ယူထားလိုက်ပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၁၀ မိနစ်ခန့် ဆီသတ်ပေးရပါမယ်။

၅။ ဘိုစားပဲနှင့် ငရုတ်ပွတို့ထည့်ပြီး ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် စောစောကကြော်ထားသော ဝက်သားနှင့် တို့ဟူး (သို့) ပဲပြားတို့ကို ဘိုစားပဲတို့ဖြင့် ရောကြော်ပေးလိုက်ပါ။ ဆားနှင့် ပဲငံပြာရည်တို့ထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ပြီးနောက် တရုတ်နံနံလေးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com