အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပဲတောင့်ရှည်အစပ်သုပ်အရံဟင်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲတောင့်ရှည် ၂၅၀ ဂရမ် (ရင့်သောထိပ်ပိုင်းများကို လှီးဖြတ်ထားပါ)
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နာနတ်ပွင့် ၁ ပွင့်
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ထို့နောက်ပဲတောင့်ရှည်ထည့်ကာ ကျက်သွားသည်အထိ ပြုတ်ပေးလိုက်ပါ။ ပြီးတာနဲ့ အိုးထဲက ဆယ်ယူပြီး ရေအေးဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မြေပဲထောပတ်၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နာနတ်ပွင့်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး မြေပဲဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီက ပွက်ပွက်ဆူလာပါက စောစောက ငရုတ်သီးမှုန့် ပန်းကန်လုံးထဲထည့်လိုက်ပါ။ ဆီပူက ဟင်းခပ်အမွှေးအကြိုင်များကို ကျက်သွားအောင် ပြုလုပ်ပေးပါလိမ့်မယ်။

ဆီမျက်နှာပြင်ပေါ်မှာ ပူစီပေါင်းများ ပျောက်သွားပြီဆိုမှ ဇွန်းဖြင့် အသာအယာမွှေပေးလိုက်ပါ။

၄။ ပဲတောင့်ရှည်များကို အနေတော် လှီးဖြတ်ထားပြီးနောက် ပန်းကန်ပြားထဲ ထည့်ထားလိုက်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော မြေပဲထောပတ်ကို ပန်းကန်ပြားထဲ လောင်းထည့်လိုက်ပါ။ အပေါ်မှနေ၍ စောစောကပြုလုပ်ထားသော ငရုတ်သီးဆီများကို လက်ဖက်ရည်ဇွန်းဖြင့် တစ်ဇွန်းချင်းစီ လောင်းထည့်ပေးလိုက်ပါ။

သမအောင်နယ်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပဲတောင့်ရှည်အစပ်သုပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com