သင်္ဘောသီး နဲ့ ပဲပုတ် အနှစ်သုပ် က အရသာ တစ်မျိုး ထူးခြား ပြီး ကျန်းမာရေးနှင့် ညီညွတ်သော သင်္ဘောသီး နဲ့ ပဲပုတ် တွဲစားတော့ အဟာရ အရသာ မျှတမှုကို ပေးဆောင်နိုင် ပြီး စားလို့ သိပ်ကောင်းပါတယ်… မိသားစု သူငယ်ချင်း ဆုံကြတဲ့အခါသုပ်စားကြည့်လို့ရအောင် ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲပုတ် ၃၀ ကျပ်သား
- ဆား အနည်းငယ်
- ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ တက် (ထောင်းထားပါ)
- ဆနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း
- ငရုတ်သီးအရောင်တင်မှုန့် ၂ ဇွန်း စားပွဲဇွန်း
- အသီးအရွက်ဆီ ၅ ဇွန်း စားပွဲဇွန်း
- ခရမ်းချဉ်သီး ၈ လုံး ( ခတ်ကြမ်းကြမ်းလေး တွေ လှီးထားပါ)
- အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း ၅ တောင့် ( ပါးပါးလေးတွေ လှီးထားပါ)
- သဘောၤသီးစိမ်း ၁ လုံး (ရှည်ရှည်လေးတွေ ဂျစ်နဲ့ ခြစ်ထားပါ)
- ပူစီနံ ၅ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)
ပြုလုပ်နည်း
- စောက်နက် အကြော်အိုး ထဲမှာ ဆီပူ အောင် တည်ပါ။ ပူလာလျှင် အနှစ်လုပ်ရန်ပါဝင်ပစ္စည်းများ မှ ခရမ်းချဉ်သီး ကလွဲ လို့ ပစ္စည်းများ အားလုံး ထည့်ပြီး ကြော်ပါ။ အနံ့သင်းမွှေးလာ လျှင် ခရမ်းချဉ်သီး ထည့်ပြီး နှံ့အောင်မွှေပါ။ မီး အနေတော်လောက်နဲ့ပဲတည်ပါ။
- ခရမ်းချဉ်သီး အခွံ များလိပ်လာ လျှင် ပဲပုတ်ထည့်ပြီး ဆီပြန်လာသည် အထိတည်ပါ။ ဆီပြန်လာလျှင် ဆား မြည်းပြီး လိုတာထပ်ထည့်ပါ။ ဆီပြန်ပြီး ခရမ်းချဉ်သီး အရေခမ်းခြောက်တဲ့ အထိ တည်ပါ။ မီးဖိုပေါ်မှ ချပြီး အအေးခံထားပါ။
- ဖန်ဇလုံ အကြီးထဲ သင်္ဘောသီး ငရုတ်သီးစိမ်း နှင့် ပဲပုတ်အနှစ်ကို လိုသလောက် ထည့်ပြီး လက် ဖြင့် အသေအချာ နှံ့အောင်နယ်ပါ။ ပြီး မှ ပူစီနံ့ဖြူးပါ။ ချက်ချင်း သုံးဆောင်ပါ။