အားလုံးပဲ မင်္ဂလာပါ။ သဘာဝသစ်သီးဖျော်ရည်သောက်သုံးခြင်းက ဆိုဒါသံဗူးလို အချိုရည်များသောက်သုံးခြင်းထက် ကျန်းမာရေးအတွက်ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ခန္ဓာသွယ်လျလှပချင်သူတွေ၊ အသားအရေစိုပြေချောမွတ်ချင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် သီးစုံသစ်သီး Smoothie ဖျော်ရည်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အုန်းနို့ ဖန်ခွက် လေးပုံ သုံးပုံခန့်
  • ဟင်းနုနွယ် ဖန်ခွက် ၂ ခွက်စာ
  • ထောပတ်သီးမှည့် တစ်ခြမ်း

  • ငှက်ပျောသီးမှည့်တစ်လုံး (အခွံခွာပြီး အနေတော်တုံးထားကာ ရေခဲသေတ္တာထဲ အအေးခံထားပါ)
  • သရက်သီးမှည့်တစ်လုံး (အခွံခွာပြီး အနေတော်တုံးထားကာ ရေခဲသေတ္တာထဲ အအေးခံထားပါ)
  • အနေတော်တုံးပြီး အအေးခံထားသော နာနတ်သီး တစ်ဖန်ခွက်
  • ပိုက်ဆံလျှော်စေ့ အမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

Smoothie တစ်ခွက်ရလာပါက အလှဆင်ရန်တွက် လိုအပ်သောပစ္စည်းများ

  • ဖရုံစေ့ (သို့) မြေပဲဆံအနည်းငယ်

  • စတော်ဘယ်ရီသီး (သို့) ဘလူးဘယ်ရီသီး (သို့) ရက်စ်ဘယ်ရီသီး ဖန်ခွက် တစ်ဝက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

အုန်းနို့၊ ဟင်းနုနွယ်၊ ထောပတ်သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ပိုက်ဆံလျှော်စေ့ အမှုန့်တို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး ရေ ဖန်ခွက် ဝက်ခန့်ထည့်ကာ အရှိန်ပြင်းပြင်းနဲ့မွှေပေးလိုက်ပါ။ အစိမ်းရောင် Smoothie အနှစ်လေးတွေရရှိလာပါလိမ့်မယ်။

ထို့နောက် ဖျော်စက်ကို တစ်ဆင့်ချင်းစီ အရှိန်ပြန်လျော့ပြီး ဖန်ခွက်လေးထဲထည့်ကာ Smoothie အပေါ်၌ မြေပဲဆံ၊ ဖရုံစေ့၊ ဘယ်ရီသီးများ စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာများကို ရွေးချယ်ပြီး အလှဆင်ပေးနိုင်ပါတယ်။

Source: natashaskitchen.com