ကိုယ်အလေးချိန်တက်လို့ စိတ်ညစ်နေပါသလား။ ကိုယ်အလေးချိန် လျော့ချရင်း အသားအရေလှပချင်ပါသလား။ အခုဖော်ပြပေးမယ့် Smoothie ဖျော်ရည်လေး လုပ်သောက်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ရေခဲတုံး အနည်းငယ်
  • ငှက်ပျောသီး အလတ်စား ၁ လုံး (ငှက်ပျောသီးမကြိုက်ပါက ပန်းသီးစိမ် (သို့) နာနတ်သီး (သို့) သရက်သီးတို့ကို အစားထိုးပေးလိုက်ပါ)
  • ဟင်းနုနွယ်ရွက် လက်တစ်ဆုပ်စာနှင့် ထောပတ်သီး တစ်ခြမ်း
  • အုန်းနို့ရည် ၄၅၀ မီလီလီတာ
  • ပရိုတင်းအမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးနဲ့ ထောပတ်သီးကို အတုံးငယ်များ တုံးပေးလိုက်ပါ။

ပါဝင်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စက်ထဲထည့်ပြီး အတုံးအခဲများ တစ်ခုမှ မကျန်ဘဲ အနှစ်များပြောင်းသွားတဲ့အထိ မွှေပေးလိုက်ရပါမယ်။

ရရှိလာတဲ့ Smoothies ဖျော်ရည်ကို ဖန်ခွက်ထဲပြောင်းထည့်ပြီးနောက် ရေခဲသေတ္တာထဲမှာ ၂၄ နာရီခန့် အအေးခံထားလိုက်ပါ။

နောက်တစ်နေ့မှာတော့ ထောပတ်သီး Smoothies ဖျော်ရည်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ငှက်ပျောသီးက ဖျော်ရည်ရဲ့ အချိုဓာတ်ကို အရသာပိုရှိအောင် ပြုလုပ်ပေးပြီး သူ့ထဲမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို မှန်ကန်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ကလည်း အစာခြေစနစ်အတွက် အထောက်အပံ့ဖြစ်စေပါတယ်။

ထောပတ်သီးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်ကို ပေးစွမ်းနိုင်တာကြောင့် ကိုယ်အလေးချိန်တက်လာမှာကိုလည်း ပူစရာမလိုပါဘူး။

ဟင်းနုနွယ်ကတော့ နေ့တိုင်း စားသုံးသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ မျက်လုံးအားကောင်းစေတဲ့အပြင် ဖျော်ရည်နဲ့ အတူတူဖျော်သောက်လိုက်တဲ့အခါမှာတော့ ကြွယ်ဝစုံလင်တဲ့ အာဟာရဓာတ်ကို အလိုအလျောက်ပေးစွမ်းပြီးသားဖြစ်သွားပါတယ်။

ပရိုတင်းအမှုန့်ကတော့ အရိုးအဆစ်များကို သန်မာစေပြီး ပျက်စီးသွားတဲ့ ကြွက်သားများကို အားပြန်ပြည့်စေပါတယ်။ ဆံကေသာနဲ့ အသားအရေအလှအပအတွက်သာမက စွမ်းအင်တွေ ပြည့်ဝနေအောင်လည်း ကူညီပေးပါသေးတယ်။