အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ငရုတ်ပွနဲ့ ရောချက်ထားတဲ့ အမဲသားစဉ်းကော ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ကာ ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီ (သို့) အစိမ်း (သို့) လိမ္မော် တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • အမဲသား ၅၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • မုန်လာဥနီ တစ်လုံး (ပါးပါးလှီးထားပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အမဲပြုတ်ရည် (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲလုံးစိမ်း ပန်းကန်လုံး ၁ လုံးစာ
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောမွှေထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်ပွနှင့် ငရုတ်သီးမှုန့်တိုပထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပါ။

၂။ ထို့နောက် အမဲသားနှင့် မုန်လာဥနီတို့ထည့်ကာ အမဲသားများ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။

၃။ ရှာလကာရည်၊ ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီနှင့် သကြားတို့ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။

၄။ ထို့နောက် အမဲပြုတ်ရည်ထည့်ကာ ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

၅။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ ပဲလုံးစိမ်းများထည့်ကာ ၁ မိနစ်ခန့် တည်ပါ။ ထို့နောက် ပြောင်းမှုန့်အရည်များထည့်ကာ သမအောင် မွှေပါ။ ဟင်းရည်က ပျစ်သွားသည်အထိ တည်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲလုံးစိမ်း ငရုတ်ပွ အမဲသားစဉ်းကော ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Myfavouritepastime.com