နေမကောင်းဖြစ်တဲ့အချိန်ပဲဖြစ်ဖြစ် ထမင်းမစားချင်လို့ပဲဖြစ်ဖြစ် အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်တစ်ခွက်ကို သောက်သုံးခြင်းအားဖြင့် ကုန်ခမ်းသွားတဲ့အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ စာဖတ်သူတို့အနေနဲ့ ကြက်သားဆန်ပြုတ် စားရတာ ရိုးအီနေပြီဆိုရင်တော့ အရသာရှိတဲ့ ပြောင်းဖူး ဝက်သားဆန်ပြုတ် လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား အနည်းငယ်

  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ရေ ၂ လီတာခွဲ
  • ဆန် နို့ဆီဘူး ၁ လုံး
  • ပြောင်းဖူး ပန်းကန်လုံး ၁ လုံးစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဝက်သား၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆန်ဝိုင်၊ ဆား၊ သကြား၊ ပဲငံပြာရည်၊ ပြောင်းမှုန့်နှင့် ဆီတို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၂။ အိုးတစ်လုံးထဲတွင် ရေဆေးထားသော ဆန်ထည့်ပါ။ ရေထည့်ပါ။ အိုးအဖုံးအုပ်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးအပူချိန်ကို လျော့လိုက်ပါ။ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် တည်ပါ။ အိုးမကပ်ဖို့ရန်အတွက် မကြာခဏ မွှေပေးပါ။

တစ်ဖန် အဖုံးအုပ်ပြီး နောက်ထပ် ၁၅ မိနစ်ခန့် တည်ပါ။

၃။ ထို့နောက် ဝက်သားများ ထည့်ပါ။ ဝက်သားများ ကျက်သွားသည်အထိ ၅ မိနစ်၊ ၁၉ မိနစ်ခန့် တည်ပါ။

၄။ ထို့နောက် ပြောင်းဖူး ထည့်ပြီး အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။ တစ်မိနစ်၊ နှစ်မိနစ်ခန့် ပြည့်ရင်တော့ အရသာရှိတဲ့ ပြောင်းဖူး ဝက်သားဆန်ပြုတ်လေး ရရှိသွားပါပြီ။

Source: Seriouseats.com