အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားလုံးကြော် ကြိုက်နှစ်သက်သူများအတွက် ပြောင်းဖူး ပုစွန်အသားလုံးကြော်လေး ရရှိသွားပါပြီ။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၀ အောင်စ (အခွံခွာပြီး သန့်စင်အောင် ရေဆေးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ
  • ပြောင်းဖူး ၁ ဖူး (ပြောင်းဖူးစေ့ ခြွေထားပါ)
  • လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော ငရုတ်ပွအစိမ်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင်

  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့်
  • အကြော်ခံ ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ပေါင်မုန့်အကြေအစများထည့်ကာ အညိုရောင် ပြောင်းလာသည်အထိ လှော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။

၂။ ကြက်သွန်ဖြူကို ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ပုစွန်တို့ကို ကြိတ်စက်ထဲထည့်ကာ အနှစ်များဖြစ်သွားသည်အထိ ကြိတ်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ပုစွန်အနှစ်များကို ပန်းကန်လုံးထဲထည့်ပါ။ ငရုတ်ပွ၊ ကြက်သွန်မြိတ်၊ ပြောင်းဖူးစေ့၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။ ထို့နောက် ပုစွန်အရောအနှောများကို စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့် ခပ်ယူပြီး အလုံးသေးသေးလေး လုံးပေးလိုက်ပါ။

ထို့နောက် ပုစွန်အသားလုံးများကို ပေါင်မုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်အသားလုံးများထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပြောင်းဖူး ပုစွန်အသားလုံးကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com