အားလုံးပဲ မင်္ဂလာပါ။ အာလူးကြိုက်တဲ့သူတွေအတွက်ရော ဝက်သားကို နှစ်သက်တဲ့သူတွေအတွက်ပါ လျှာလည်သွားစေမယ့် ဝက်သား အာလူးပန်ကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး ၆ လုံး
- ဝက်သား ဝ.၅ ပေါင်ခန့် (အနေတော် အတုံးတုံးထားပါ)
- နွားနို့ ၂၅၀ မီလီလီတာခန့်
- ကြက်ဥ ၂ လုံး
- ချိစ်နှင့် ကြက်သွန်မြိတ် အနည်းငယ်
- ခရမ်းချဉ်သီး တစ်လုံး
- ဆီ အနည်းငယ်
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
၂။ အာလူးတုံးများကို အနေတော် တုံးထားပါ။ ထို့နောက် အာလူးကို ငရုတ်ကောင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ အာလူးတုံးများ ထည့်ကြော်လိုက်ပါ။ အာလူးများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
၄။ ထို့နောက် ဝက်သားတုံးများကို ဆက်ကြော်ပေးလိုက်ပါ။
၅။ Oven ထဲထည့်မယ့် လင်ဗန်းထဲတွင် အာလူးနှင့် ဝက်သားများကို ညီညီညာညာ ထည့်ထားလိုက်ပါ။
၆။ ကြက်ဥနှစ်လုံးနဲ့ နွားနို့ကို အတူတကွရောနှောကာ ခပ်ပြင်းပြင်းလေး မွှေခလောက်ပေးလိုက်ပါ။
၇။ ထို့နောက် အာလူးလင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ချိစ်နှင့် ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။ ကြက်ဥ နွားနို့ကို အပေါ်မှ ထပ်မံလောင်းထည့်ပေးလိုက်ပါ။
၈။ ခရမ်းချဉ်သီးကို အကွင်းသုံးကွင်းရအောင် လှီးဖြတ်ပြီးနောက် လင်ဗန်းထဲ ထည့်လိုက်ပါ။ ပြီးရင် Oven ထဲမှာ ၄၅ မိနစ်၊ တစ်နာရီခန့် ထည့်ထားလိုက်ပါ။
၉။ အချိန်ပြည့်သွားရင်တော့ Oven ထဲက ထုတ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အာလူး ဝက်သား ပန်ကိတ်လေး ရရှိသွားပါပြီ။
မိမိကုန်သလောက်လေး လှီးဖြတ်ကာ စားသုံးနိုင်ပါတယ်။ တစ်ခါတည်း စားလို့ မကုန်ဘူးဆိုရင်လည်း ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ စားခါနီးကျမှ မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ နွေးစားလို့ရပါတယ်။
Source: Couponclippingcook.com