အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ချိစ်အရသာ အာလူး ကြက်ဥလုံး ပြင်ဆင်ပြုလုပ်နည်းလေးကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂၀ အောင်စ
  • Cheddar ချိစ် ပန်းကန်လုံးအသေး ၁ လုံးစာ (ခြစ်ပြားဖြင့် အချောင်းလိုက် ခြစ်ချထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ ၁၂ လုံး

  • ဝက်ဆားနယ်ခြောက် ၄ ပြား (လေးထောင့်အတုံးငယ် တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီး ပြုတ်ထားပါ။ ရရှိလာတဲ့ အာလူးပြုတ်များကို ခြစ်ပြားဖြင့် အချောင်းလိုက် ခြစ်ချထားပါ။

၂။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူးချောင်းများထည့်ပါ။ ထို့နောက် ချိစ်ချောင်း တစ်ဝက်ခန့်ပါ ပေါင်းထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၄။ Cupcake ပြုလုပ်သော ပုံစံခွက်ငယ်များကို ဟင်းချက်စပရေး (သို့) ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် အာလူး ချိစ်အရောအနှောများကို ပုံစံခွက်ငယ်ထဲထည့်ပြီးနောက် ခွက်ပုံသဏ္ဍာန် ချိုင့်ဝင်သွားအောင် လက်ဖြင့် ဖိပေးလိုက်ပါ။

၅။ ထို့နောက် Oven ထဲတွင် မိနစ် ၂၀ ခန့် ဖုတ်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက အာလူးလင်ဗန်းကို Oven ထဲက ထုတ်လိုက်ပါ။ ထို့နောက် Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်သို့ အပူချိန်လျော့ချလိုက်ပါ။

၆။ ထို့နောက် ကြက်ဥတစ်လုံးချင်းစီကို ပုံစံခွက်ငယ်များထဲသို့ ဖောက်ထည့်လိုက်ပါ။ ပြီးရင်တော့ ကျန်ရှိနေသော ချိစ်တစ်ဝက်ကို ကြက်ဥ ဖုံးသွားအောင် အုပ်ပေးလိုက်ပါ။ ထို့နောက် ဝက်ဆားနယ်ခြောက်များ ထပ်တင်ထားလိုက်ပါ။

၇။ ထို့နောက် လင်ဗန်းကို Oven ထဲထည့်ပြီး ၁၂ မိနစ်မှ ၁၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့နောက်မှာတော့ အရသာရှိတဲ့ အာလူး ကြက်ဥလုံးလေးများ ရရှိသွားပါပြီ။

Source: Gimmedelicious.com