အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဟာဝိုင်အီစတိုင်လ် နာနတ်သီးထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • နာနတ်သီး ပန်းကန်လုံး ၂ လုံးစာခန့် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ပရိုတင်း ၆ အောင်စခန့် (ကြက်သား၊ ပုစွန်၊ ဝက်ပေါင်ခြောက်၊ ပဲပြား စသည့် မိမိနှစ်သက်ရာတစ်မျိုးမျိုး)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

  • ပဲလုံးစိမ်း ပန်းကန်လုံး တစ်ဝက်စာ
  • လေးထောင့်အတုံးငယ် တုံးထားသော မုန်လာဥနီ ပန်းကန်လုံး တစ်ဝက်စာ
  • လေးထောင့်အတုံးငယ် တုံးထားသော ကြက်သွန်နီ ပန်းကန်လုံး တစ်ဝက်စာ
  • လေးထောင့်အတုံးငယ် တုံးထားသော ငရုတ်ပွ ပန်းကန်လုံး တစ်ဝက်စာ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၃မြွှာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ခရုဆီ၊ နှမ်းဆီနှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်ဥထည့်ပြီး မွှေကြော်လိုက်ပါ။ ကြော်ပြီးသွားသော ကြက်ဥများကို ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ထို့နောက် ပရိုတင်းပါသော အစားအစာများဖြစ်တဲ့ ဝက်ပေါင်ခြောက် (သို့) ကြက်သား (သို့) ပုစွန် (သို့) ပဲပြားတို့ထည့်ကာ ကျက်အောင် ကြောပေးလိုက်ပါ။

ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ ကျန်ရှိနေသော ဆီများအားလုံးကို ဒယ်အိုးထဲ ထည့်လိုက်ပါ။ ထို့နောက် ငရုတ်ပွအနီ၊ ကြက်သွန်နီနှင့် မုန်လာဥနီများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်လိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ထမင်းထည့်ပါ။ ထမင်းပေါ်တွင် ပဲငံပြာရည်ဆော့စ်အရောအနှောများထည့်ကာ သမအောင် ရောကြော်လိုက်ပါ။ (လိုအပ်ပါက ဆီ ထပ်ထည့်နိုင်ပါတယ်။)

၆။ အားလုံးသမသွားတဲ့အခါမှာတော့ ကြက်ဥ၊ ပရိုတင်းအစားအစာနှင့် နာနတ်သီးတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၇။ ထို့နောက် ပဲလုံးစိမ်းများထည့်ကာ သမအောင် ထပ်မွှေလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဟာဝိုင်အီစတိုင်လ် နာနတ်သီးထမင်းကြော်လေး ရရှိသွားပါပြီ။

လှလှပပလေး အလှဆင်ချင်တယ်ဆိုရင်တော့ နာနတ်သီးအလွတ်ထဲ ထည့်ကာ လှလှပပ အလှဆင်နိုင်ပါပြီ။

Source: Drivemehungry.com