ထမင်းစားပြီးတဲ့အခါတိုင်း အချိုတည်းချင်သူတွေအတွက် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အချိုပွဲ သရေစာမုန့်တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုအချိုပွဲကတော့ မုန်လာဥနီ Muffins လေးပဲဖြစ်ပါတယ်။

ဆေးသကြားမပါဘဲ သဘာဝပါဝင်ပစ္စည်းများနဲ့သာ ပြုလုပ်ထားတဲ့အတွက်ကြောင့် စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အုတ်ဂျုံ ၂၅၀ ဂရမ်
  • စွန်ပလွံသီး ၈ လုံး (အစေ့ဖယ်ထုတ်ထားပါ)
  • သံလွင်ဆီ ၁၂၅ မီလီလီတာ
  • ပျားရည် ၆၀ မီလီလီတာ
  • မုန်လာဥနီ ၄ လုံး (အခွံခွာပြီး ခြစ်ခုံဖြင့် ခြစ်ထားပါ)

  • ကြက်ဥ ၂ လုံး
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆားအနည်းငယ်
  • မြေပဲအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ သစ်သီးဖျော်စက်ထဲတွင် အုတ်ဂျုံ၊ စွန်ပလွံသီး၊ သံလွင်ဆီ၊ ပျားရည်၊ မုန်လာဥနီ၊ ကြက်ဥ၊ မုန့်ဖုတ်ဆိုဒါ၊ သစ်ကြမ်းပိုးခေါက်၊ ဆားနှင့် မြေပဲတို့ထည့်ကာ အနှစ်များရအောင် မွှေပေးလိုက်ပါ။

၃။ ကိတ်မုန့်ဖုတ်တဲ့ ပုံစံခွက်ငယ်လင်ဗန်းကို သံလွင်ဆီအနည်းငယ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် စောစောက မုန်လာနှစ်များကို ခွက်ထဲလောင်းထည့်ကာ Oven ထဲတွင် ၁၅ မိနစ် ထည့်ဖုတ်လိုက်ပါ။

၄။ အချိန်ပြည့်သွားပါက Oven ထဲက ထုတ်လိုက်ပါ။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သွားရေစာမုန့်လေး ရရှိသွားပါပြီ။

ပျားရည်နဲ့ ထပ်ဆမ်းမယ်ဆိုရင်တော့ အချိုအရသာက ပိုမိုပေါ်လွင်နေမှာပဲဖြစ်ပါတယ်။

Source: Pinchofyum.com