အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝိတ်လျော့ချင်သူများအတွက် အာဟာရပြည့်ဝပြီး ကယ်လိုရီနည်းတဲ့ အစာအစာတစ်မျိုးနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ ထိုအစားအစာလေးကတော့ တရုတ်အစားအစာ ဟင်းရွက်စုံ ကြက်သားသုပ်ပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သားပြုတ် ပန်းကန်လုံး ၁ လုံးခွဲ
- ပါးပါးလှီးထားသော ဂေါ်ဖီ ပန်းကန်လုံး ၆ လုံးခွဲ
- အချောင်းလိုက် ပါးပါးလှီးထားသော မုန်လာဥနီ ပန်းကန်လုံး ၁ လုံးခွဲ
- ပဲလိပ်ပြာ (သို့) ပဲသီး ပန်းကန်လုံး ၁ လုံးစာ
- ပဲပင်ပေါက် ပန်းကန်လုံး ၁ လုံးစာ
- လိမ္မော်သီးစိပ် အနည်းငယ်
- သီဟိုဠ်စေ့ ပန်းကန်လုံးတစ်ဝက်စာ
- နံနံပင် အနည်းငယ် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီးထားပါ)
ကြက်သားသုပ်ရန် လိုအပ်သောဆော့စ်အတွက် ပါဝင်ပစ္စည်းများ
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သံလွင်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်သားပြုတ်ကို ပါးပါးလှီးထားပါ (သို့) ခက်ရင်းဖြင့် အသားနွှင်ထားပါ။
၂။ ဂေါ်ဖီထုပ်ကိုလည်း သန့်စင်အောင် ရေဆေးြပ်ီးနောက် ပါးပါးလှီးထားပါ။
မုန်လာဥနီကိုတော့ အခွံခြစ်ထားပြီး အချောင်းလိုက် ပါးပါးလှီးပါ။
၃။ လိမ္မော်သီးစိပ်များကိုတော့ အမျှင်များ ဖယ်ရှားထားလိုက်ပါ။
၄။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားသုပ်ရန်အတွက် ဆော့စ် ဖော်စပ်ရပါမယ်။
ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကြက်သွန်ဖြူအမှုန့်က်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ဖျော်စက်ထဲတွင် သမအောင် မွှေဖျော်၍လည်းကောင်း၊ ပန်းကန်လုံးထဲ မွှေဖျော်၍လည်းကောင်း ဖျော်ထားလိုက်ပါ။
၅။ ထို့နောက် ကြက်သားနှင့် အခြားဟင်းသီးဟင်းရွက်များအားလုံးကို ဇလုံအကြီးထဲ ထည့်ပါ။ ထို့နောက် ဆော့စ်ထည့်ကာ သမအောင် နယ်လိုက်ပါ။
အရငာအပေါ့အငန် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။
ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ကယ်လိုရီးနည်းနည်းပဲ ပါဝင်တဲ့ ကြက်သားသုပ်ဟင်းတစ်ခွက် ရရှိသွားပါပြီ။
Source: Drivemehungry.com