အားလုံးပဲ မင်္ဂလာပါ။ မနက်စာ စားတဲ့အခါ ပေါ့ပေါ့ပါးပါးလေးပဲ သုံးဆောင်ချင်သူများအတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ ဝက်ပေါင်ခြောက် ထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ပေါက်ခြောက် ၇၅ ဂရမ် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြွက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် အနည်းငယ်
  • တရုတ်နံနံ တစ်စည်း (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ တစ်လုံး (ပါးပါးလှီးထားပါ)
  • ရွှေပဲစိမ်း အနည်းငယ်

  • ထမင်း ပန်းကန်လုံးနှစ်လုံးစာ
  • ကြက်ဥ ၁ လုံး (ခပ်ပြင်းပြင်း မွှေခလောက်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ထားပါ။ ဆီပူလာပါက ဝက်ပေါင်ခြောက်၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ မုန်လာဥနီနှင့် ရွှေပဲစိမ်းတို့ထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ မုန်လာဥနီက နူးအိသွားပြီဆိုရင်တော့ထမင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၃။ (၃) မိနစ်၊ (၄) မိနစ်ခန့် ကြော်ပြီးသွားပါက ကြက်ဥထည့်ကာ ၁ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဆား၊ ပဲငံပြာရည်နှင့် နှမ်းဆီတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com