ဟင်းပွဲအပြင်အဆင်ကို လှလှပပပြင်ဆင်တတ်ခြင်းကလည်း အနုပညာတစ်ရပ်ဖြစ်တာကြောင့် တတ်ထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

ဒါဆိုရင် ဂဏန်းကြက်ဥချောင်းကြော်ကို အသည်းပုံသဏ္ဍာန် ဘယ်လိုပုံဖော်မလဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ဂဏန်းချောင်း ၃ ချောင်း
  • မိမိကြိုက်နှစ်သက်သော အရောင်စုံဟင်းသီးဟင်းရွက် သုံးမျိုး (ဥပမာ ငရုတ်ပွ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် စသည်ဖြင့်)
  • ဆားအနည်းငယ်
  • ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဂဏန်းချောင်းကို အလွှာလိုက် လှီးဖြတ်ပြီးနောက် အသည်းပုံသဏ္ဍာန် အတွင်းသို့ ထည့်ပြီးပုံဖော်ကာ သွားကြားထိုးတံနဲ့ ထိုးထားလိုက်ပါ။

၂။ ဟင်းသီးဟင်းရွက်များကို ပါးပါးလှီး နုတ်နုတ်စင်းပြီးနောက် မွှေခလောက်ထားသော ကြက်ဥထဲထည့်ကာ ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီ ဆီထည့်ကာ အသည်းပုံဂဏန်းချောင်းများကို မီးအေးအေးနဲ့ ထည့်ကြော်လိုက်ပါ။ အသည်းပုံတစ်ခုချင်းစီကို ကြက်ဥ ဟင်းရွက်အရည် စားပွဲတင်ဇွန်းတစ်ဇွန်းစီထည့်ပေးလိုက်ပါ။ မီးအေးအေးနဲ့ ၈ မိနစ်ခန့်ကြော်ပြီးတဲ့နောက်မှာတော့ ပန်းကန်ထဲသို့ပြောင်းထည့်ကာ ၅ မိနစ်လောက်အအေးခံပါ။ အေးသွားပြီဆိုမှ သွားကြားထိုးတံလေးကို ဖယ်ထုတ်လိုက်ပါ။

ဒါဆိုရင်တော့ အမြင်နဲ့တင်ချစ်စရာကောင်းပြီး အရသာလည်းရှိတဲ့ ဂဏန်း ကြက်ဥကြော်ကို ဆော့စ်နဲ့တို့စားပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com