အားလုံးပဲ မင်္ဂလာပါ။ ပဲပြားအစပ်ဟင်း ချက်စားချင်သူများအတွက် ငရုတ်ပွ၊ မုန်လာဥနီ၊ မျှစ်တို့နဲ့ ရောကြော်ထားတဲ့ ဟင်းလျာ ပြင်ဆင် ချက်ပြုတ်နည်းလေးကို MyFood Myanmar ရဲ့ဟင်းချက်ဝါသနာအိုးများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး (တြိဂံပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)

  • မုန်လာဥနီ တစ်ခြမ်း (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်ပွ ၁ လုံး (ပါးပါးလှီးထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မျှစ် ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ် ပြုလုပ်ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရှာလကာရည်၊ ခရုဆီ၊ သကြားနှင့် ရေတို့ကို သမအောင် ရောနယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ပဲပြားများထည့်ကာ တစ်ဖက်ကို ၃ မိနစ်ဆီ ကြော်ပါ။ ပဲပြားများ ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲရှိ ဆီများကို ခပ်ထုတ်ပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းသာ ချန်ထားခဲ့ပါ။ ထို့နောက် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ငရုတ်သီးအနှစ်တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။

၄။ ထို့နောက် ပဲပြားကြော်၊ မုန်လာဥနီ၊ ငရုတ်ပွနှင့် မျှစ်တို့ထည့်ကာ စက္ကန့် ၃၀မှ တစ်မိနစ်ခန့် ရောကြော်လိုက်ပါ။

၅။ ထို့နောက် အသင့်ဖျော်ထားသော ဆော့စ်များ လောင်းထည့်ကာ ၅ မိနစ်ခန့် မွှေဗကြာ်လိုက်ပါ။ ထို့နောက် ပြောင်းမှုန့်အရည်များ လောင်းထည့်ကာ ဟင်းရည်ပျစ်သွားသည်အထိ တည်ထားပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလို့ရပါပြီ။

Source: Omnivorescookbook.com