အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အာလူး ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် အရသာအသစ်တစ်မျိုး ပေးစွမ်းနိုင်မယ့် ချိစ်အရသာ အာလူး ကြက်သားမီးဖုတ်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ လုံး (အခွံခွာပြီး တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (အရိုးနှင့် အရေခွံတို့ိကို ဖယ်ရှားထားပါ)
  • Parmesan ချိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲ ထည့်မယ့် လင်ဗန်းကို ဆီသုတ်လိမ်းထားပါ။

၂။ လင်ဗန်းထဲသို့ အာလူးတုံးများ ထည့်ပြီးနောက် သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်ဖြူအမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ထို့နောက် Oven ထဲ ထည့်ကာ ၁၀ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၄။ ၁၀ မိနစ်ပြည့်ပါက အာလူးတုံးပေါ်သို့ ကြက်သားတုံး ထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပြီး ၁၈ မိနစ်မှ ၂၀ မိနစ်ခန့် အထိ Oven ထဲ ထည့်ဖုတ်ပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲက ပြန်ထုတ်ပြီး ချိစ်အနည်းငယ် ဖြူးထည့်ကာ ၂ မိနစ်ခန့် အပူပြန်ပေးရပါမယ်။

၆။ ဒါဆိုရင်တော့ ချိစ်အရသာလေး စိမ့်ဝင်နေတဲ့ အာလူး ကြက်သားမီးဖုတ်ဟင်းလျာ တစ်ခွက် ရရှိသွားပါပြီ။

Source: Thespruceeats.com