ပါဝင်ပစ္စည်းနည်းနည်းနဲ့ အိမ်မှာ အလွယ်တကူ မုန့်လုပ်စားလို့ရအောင် ပန်ကိတ် (Pancake) လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးထဲကို ကြက်ဥ – ၁ လုံးဖောက်ထည့်ပြီး သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်ဥမွှေတဲ့ဟာနဲ့ မွှေပေးပါ။ နွားနို့ကို ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာ ထည့်ပြီး ထပ်မွှေပါ။

ဂျုံမှုန့် – ခွက်တစ်ခွက်စာနဲ့ Baking Powder – လက်ဖက်ရည်ဇွန်းရဲ့ လေးပုံ ပုံ သုံးပုံစာ၊ ဆား – အနည်းငယ်ထည့်ပြီး ထပ်မွှေပါ။ သေချာသမအောင်မွှေပြီးပြီဆိုရင် ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ထပ်မွှေပါ။

ဒယ်အိုးထဲကို ဇွန်းကြီးနဲ့ တစ်ဇွန်းစာခပ်ထည့်ပြီး ကြော်လို့ရပါပြီ။ ဟိုဘက် ဒီဘက်လှန်ပြီး ကြော်ပေးပါ။

ကြော်ပြီး ပန်းကန်ထဲထပ်ထည့်ပြီး အပေါ်ကနေ ပျားရည်လေးဆမ်းကာ စားသုံးနိုင်ပါပြီ။ ဒါကတော့ ပန်ကိတ် (Pancake) အလွယ်ကြော်နည်းပါ။

Source: www.bluebellrecipes