မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဥရောပအစားအသောက်ပွဲတော်ကြီးကို Chaîne des Rôtisseurs နဲ့ Bailliage du Myanmar တို့မှဦးဆောင်ပြီး Yangon’s Rose Garden Hotel မှာ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ မှ ၁၀ နာရီအထိ ကျင်းပပေးသွားမှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ အကောင်းဆုံး ဥရောပစားသောက်ဆိုင်တွေက သူ့တို့ရဲ့ အကောင်းမွန်ဆုံးအစားအစာတွေနဲ့ ပါဝင်အားဖြည့်ပေးကြမှာပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့ German Sausages ၊ Scotch Eggs ၊ Swiss Raclette နဲ့ Italian Pasta တို့အပြင် ပြင်သစ် ရိုးရာအစားအသောက်တစ်ချို့လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ အကောင်းစား ဥရောပ (Wine) ဝိုင်တွေကိုလည်း မြည်းစမ်းနိုင်မှာဖြစ်ပြီး မြန်မာ Bartender အချို့မှဖန်တီးဖျော်စပ်သော ကော့တေး ( Cocktails ) Selection တွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

ယခုလို ဥရောပအစားအသောက်ပွဲတော်ဟာ မြန်မာနိုင်ငံမှာတော့ အကြီးကျယ်ဆုံးအစားအစာပွဲတစ်ခု ဖြစ်လာပါတယ်လို့ Rose Garden Hotel ရဲ့ အထွေထွေမန်နေဂျာ Alexander Scheible ကပြောကြားပေးခဲ့ပါတယ်။ ဒီပွဲတော်ကြီးကို အခမဲ့ ပါဝင်ကူညီပေးကြတဲ့ နာမည်ကြီး ဥရောပစားသောက်ဆိုင်များ၊ စားဖိုမှုးများနဲ့ စပွန်ဆာပေးသူများကိုလည်း အထူးတလည်ကျေးဇူးတင်ရှိပါတယ်။ ဒီလိုပံ့ပိုးပေးတဲ့သူတွေမရှိပါက ဤကဲ့သို့နှစ်စဉ်ကျင်းပနေတဲ့ အစားအသောက်ပွဲကြီးဟာ ရှိလာမှာ မဟုတ်ပါဘူး။

တတိယအကြိမ်မြောက် ဥရောပအစားအသောက်ပွဲတော်ကြီး ဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုးပေးတာကတော့ Premium Food Distribution & Cellar Door Wines မှဖြစ်ပြီး Heineken ၊ Luther Law Firm Limited ၊ Wave Money ၊ Wolf Kitchen Myanmar ၊ Volvo Cars Myanmar များကအသီးအသီးပံ့ပိုးပေးခဲ့ကြတာဖြစ်ပါတယ်။

ဤပွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်သွားဦးမှာဖြစ်ပါတယ်။ လတ်တလော အတိအကျစာရင်းထဲမှာ ပါဝင်ပြီး ဖျော်ဖြေပေးမယ့် အနုပညာရှင်တွေကတော့ Spain မှ Rouselle ၊ Switzerland မှ “Where is Charlie” ၊ Ireland ကိုယ်စားပြုအနေနဲ့ Brian Eviston ၊ France မှ Mooni ၊ ပြင်စသစ်ယဉ်ကျေးမှု နဲ့ Goethe Institute မှ စီစဉ်တဲ့ ရိုးရာနှင့်ခေတ်သစ် မော်ဒန်အက သရုပ်ဖော်မှုများအပြင် Myanmar’s Got Talent မှာဝင်ရောက် ယှဉ်ပြိုင်နေတဲ့ Ghizzzy နဲ့ May တို့ရဲ့ ဖျော်ဖြေမှုအစုံအလင်ကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ညနေ ၄ နာရီလောက်ဆို ဝင်ရောက်လို့ရပေမယ့် ဖွင့်ပွဲအခမ်းအနားကိုတော့ ၅ နာရီမှစတင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကိုယ်စားလှယ်များနဲ့ ဥရောပသံအမတ်များလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

ဝင်ခွင့်လက်မှတ်တွေကိုတော့ ၅၀၀၀ ကျပ်နဲ့ရောင်းချပေးတာဖြစ်ပြီး Free-Flow Beer နဲ့ Soft Drinks ပါဝင်မှာဖြစ်ကာ အခြားသော အစားအသောက်တွေနဲ့ ကော့တေးတွေကို ခံစားချင်ရင်တော့ ကျပ်သုံးထောင်နဲ့အထက်ပေး၍ ဝယ်ယူစားသုံးနိုင်မှာဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ Shop.com.mm ကနေတစ်ဆင့်လည်းဝယ်ယူနိုင်ပါတယ်။ ဦးစီးသူများက အရေးအသွေးပြည့်မှီတဲ့ အစားအသောက်တွေကိုသာ တည်းခင်းရောင်းချပေးဖို့ ပါဝင်ကူညီပေးတဲ့ နာမည်ကြီး ဥရောပစားသောက်ဆိုင်တွေကို တိုက်တွန်းထားပါတယ်။ အရင်နှစ်တုန်းကလိုပဲ ယခုပွဲတော်ကို No-Plastic Event ပလက်စတစ်ကင်းစင်ရာပွဲအဖြစ် စီစဉ်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

စပွန်ဆာတွေဆီကရတဲ့ငွေတွေနဲ့ လက်မှတ်ရောင်းချရာမှရတဲ့ငွေတွေကို ပြည်တွင်းမှ ချို့တဲ့သူများကိုကူညီသော အသင်းအဖွဲ့တွေကို သွားရောက်လှူဒါန်းပေးသွားမှာပါ။ ဤပွဲကို ဦးစီးကျင်းပတဲ့တာဝန်ရှိသူများက ဒီနှစ်မှာသွားရောက်လှူဒါန်းဖို့ရာထားတာကတော့ သန်လျင်မှာရှိတဲ့ မေတ္တာရောင်ခြည် မိဘမဲ့ဂေဟာ ၊ Myanmar Deaf Chefs Training Center နဲ့ Yangon Bakehouse လို့ခေါ်တဲ့ မသန်စွမ်းအမျိုးသမီးများကို အသက်မွေးဝမ်းကြောင်းအဖြစ် သင်ကြားပေးနေတဲ့နေရာတွေပဲဖြစ်ပါတယ်။

ဤ တိတယကြိမ်မြောက် ဥရောပအစားအသောက်ပွဲမှာ ပါဝင်ကူညီအားဖြည့်ပေးမယ့် စားသောက်ဆိုင်၊ ဟိုတယ်နဲ့ ဘားတွေကတော့ Mahlzeit German Restaurant ၊  Rose Garden Hotel Yangon ၊ 57Below ၊  L’Opera ၊  Pun & Projects ၊ The Savoy Hotel ၊ Casa Mia ၊ Hilton Hotels ၊ Prime Cut ၊ Chatrium Hotel ၊ The Penthouse ၊ Melia Hotel ၊ Shwe Sa Bwe ၊ Pullman Yangon Centrepoint ၊ Kalaw Heritage Hotel ၊ Ibis Style Yangon ၊ Park Royal ၊ Bulgarian Yoghurt ၊ The Myanmar Deaf Chefs Association ၊ Envoy ၊ Le Planteur Restaurant ၊ Orng’s Kitchen ၊ Yangon Bakehouse နဲ့ Ô’Thentic တို့မှပဲဖြစ်ပါတယ်။

ပွဲတော်ဖြစ်မြောက်ရေးအတွက် ထပ်မံပံ့ပိုးပေးကြတဲ့ စပွန်ဆာတွေကတော့ Black Sea Trade ၊ Campari Group ၊ Coca-Cola ၊ Grand Twin Brothers ၊ Yangon Door2Door နဲ့ The Warehouse တို့ပဲဖြစ်ပါတယ်။ ပွဲတော်အတွက် ဝင်ခွင့်လက်မှတ်တွေကို Shop.com.mm နဲ့ ပါဝင်ကူညီပေးကြတဲ့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။