အိမ်မှာ အလွယ်တကူ မီဆို ဟင်းချိုလေး ချက်စားရအောင်။

ပါဝင်ပစ္စည်းများ

  • အစအသေးလေးတွေ လှီးထားတဲ့ ရေညှိ စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ ၄ ခွက်စာ
  • Dashi Granules ငါးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Miso Paste စားပွဲတင်ဇွန်း ၃ ဇွန်း
  • တို့ဖူး အတုံးလေးများ
  • ကြက်သွန်မြိတ် ၂ မျှင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

ရေညှိကို ဇကာထဲထည့်ပြီး ရေအေးအေးထဲမှာ ၁၀ မိနစ်လောက် စိမ်ထားပါ။

ရေ ၄ ခွက်ကို Dashi Granules နဲ့ ရောပြီး ဒယ်အိုးထဲထည့်ကာ မီးအလယ်အလတ်နဲ့ အပူပေးပါ။ Miso Paste ကိုထည့်ပြီး ပျော်အောင် မွှေပါ။ ရေညှိကိုထည့်ပြီး ၃ မိနစ်လောက် ဆူအောင်တည်ပါ။

တို့ဖူးကို ချက်ခြင်းထည့်ပြီး မကြေအောင်သတိထားပါ။ မီဆိုဟင်းချိုကို ခွက်ထဲထည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်နဲ့အလှဆင်ပါ။

Source: Allrecipes