အားလုံးပဲ မင်္ဂလာပါ။အာဟာပြည့်ဝပြီး အားရှိဖို့အတွက် ထမင်းစားသုံးရတဲ့အခါ နယ်ဆမ်းစရာ အဆီမပါ၊ သောက်စရာ ဟင်းရည်မပါရင် ထမင်းစားရတာ ခြောက်ကပ်ကပ်ကြီးနဲ့ စားမြိန်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီဆို ပိုဆိုးပါတယ်။

ဒါ့ကြောင့် ထမင်းကို အရသာရှိရှိနဲ့ မြိန်ရေယှက်ရေ သုံးဆောင်နိုင်ဖို့အတွက် ပဲပြားချဉ်ရည်ဟင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

 

  • ပဲပြား (သို့) တို့ဖူး ၁၆ အောင်စ (လက်မဝက် အရွယ်အစားလှီးဖြတ်ထားပါ)
  • ကြက်ပြုတ်ရည် ၁ လီတာခွဲ
  • လက်မဝက် အရွယ်အစားရှိ ဂျင်းတုံး ၁ တုံး
  • ပဲငံပြာရည်နှင့်ရှာလကာရည်စားပွဲတင်ဇွန်း ၄ ဇွန်းစီ
  • မှို ၃ အောင်စ(ပါးပါးလှီးထားပါ)

Source: Shutterstock.com

  • မျှစ် ၇၅ ဂရမ်(ပါးပါးလှီးထားပါ)
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား၊ ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်ပြုတ်ရည်၊ ဂျင်း၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ပါးပါးလှီးထားသော မှိုနှင့် မျှစ်တို့ကို အိုးအကြီးတစ်လုံးထဲထည့်ပြီး ဆူပွက်အောင် တည်ထားလိုက်ပါ။

၂။ ၅ မိနစ်ခန့် ကြာသောအခါ မှိုများ နူးညံ့လာပြီဖြစ်တာကြောင့် ဂျင်းတုံးကို အိုးထဲမှာ ခပ်ထုတ်လိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆန်မှုန့်ကို ရေခဲရေ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် ဖျော်ထားပြီးနောက် အိုးထဲသို့ လောင်းထည့်လိုက်ပါ။

၄။ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြာသောအခါ ဟင်းရည် ပျစ်လာချိန်တွင် ဇွန်းဖြင့် စက်ဝိုင်းပုံသဏ္ဍာန် မွှေပေးလိုက်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥကို အိုးထဲ ထည့်ပြီး အဆက်မပြတ် မွှေပေးနေရပါမယ်။

၅။ တို့ဖူး (သို့) ပဲပြား၊ နှမ်းဆီ၊ ဆား၊ ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။ တို့ဖူး (သို့) ပဲပြားများ နူးညံ့သွားပြီဆိုပါက အရသာ အပေါ့အငန်မြည်းကြည့်ပြီးနောက် မီးပိတ်လိုက်လို့ရပါပြီ။

ထမင်းစားခါနီးကျမှ ဟင်းရည်ပန်းကန်ထဲထည့်ပြီး ကြက်သွန်မြိတ်ထပ်ထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပြီဖြစ်ပါတယ်။

Source: dinneratthezoo.com