အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လူကြိုက်များတဲ့ သွားရေစာမုန့်တစ်မျိုးဖြစ်တဲ့ Hot Dog ကို အာလူးလုံးများကပ်ပြီး အရသာရှိအောင် ဘယ်လိုပြုလုပ်နိုင်မလဲဆိုတာ MyFood Myanmar ရဲ့ အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သီးနွေး ရေနွေး စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သကြားဖြူ (သို့) သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • တဆေးခြောက် ၁ ထုပ် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ဂျုံမှုန့် ပန်းကန်လုံး ၁ လုံးစာ
  • အမဲသား Hot Dog ချောင်း (သို့) ကြက်အူချောင်း (သို့) ဝက်အူချောင်း ၄ ချောင်း

Source: Applegate.com

  • အာလူး ၁ ပေါင် (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ။ ထို့နောက် ရေဆေးပြီး ရေခဲရေထဲ စိမ်ထားပါ)
  • အကြော်ခံပေါင်မုန့် အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြော်ရန် ဆီ
  • သကြား၊ Ketchup ၊ မိရောနိစ်၊ မုန်ညှင်းနှစ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သီးနွေး ရေနွေးနှင့် သကြားကို သမအောင် ရောမွှေလိုက်ပါ။

၂။ တဆေးခြောက်များထည့်ပြီး တဆေးများ ပျော်ဝင်သွားသည်အထိ မိနစ်အနည်းငယ် စောင့်ပါ။

၃။ ထို့နောက် ဆားနှင့် ဂျုံမှုန့်တိုပထည့်ကာ ၂ မိနစ်ခန့် သမအောင် ရောမွှေပါ။

၄။ ထို့နောက် ပန်းကန်လုံးကို အဖုံးအုပ်ထားပြီး ဂျုံလုံးက အရွယ်အစား နှစ်ဆကြီးလာဖို့ရန်အတွက် ၁ နာရီခန့် စောင့်ပါ။

၅။ အိုးတစ်လုံးထဲ ရေထည့်ကာ အာလူးတုံးများ ထည့်ပြုတ်ပါ။ အာလူးများ ကျက်သွားပါက ဆယ်ယူပြီး ရေအေးဖြင့် ထပ်မံဆေးကြော်ပါ။ ထို့နောက် သန့်စင်အောင် အဝတ်စဖြင့် ရေခြောက်အောင် သုတ်ပါ။

၆။ အာလူးပြုတ်များကို ပန်းကန်လုံးထဲထည့်ပြီး ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၇။ အမဲသား Hot Dog ချောင်း (သို့) ကြက်အူချောင်းတို့ကို တုတ်ဖြင့် ထိုးထားလိုက်ပါ။

၈။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။

လင်ဗန်းတစ်ခုရဲ့ တစ်ဖက်ခြမ်းပေါ်တွင် အကြော်ခံပေါင်မုန့်များ အဆင်သင့်တင်ထားပြီး ကျန်တစ်ခြမ်းတွင် အာလူးများ တင်ထားလိုက်ပါ။

၉။ ထို့နောက် Hot Dog ချောင်းကို အရင်ဦးဆုံး တဆေး ဂျုံနှစ်ဖြင့် ပတ်ပေးလိုက်ပါ။ ထို့နောက် အာလူးဖြင့် ကပ်လိုက်ပါ။ ထို့နောက် ပေါင်မုန့်ဖြင့် ထပ်ကပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆီပူထဲတွင် ၆ မိနစ်၊ ၇ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

ကျန်ရှိနေသော Hot Dog ချောင်း သုံးချောင်းကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ Ketchup ဆော့စ်များဖြင့် ဆမ်းထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးလုံးကပ် Hot Dog လေးများ ရရှိသွားပါပြီ။

Source: Maangchi.com