သန့်ရှင်းသပ်ရပ်ပြီး သစ်လွင်တောက်ပနေတဲ့ ပတ်ဝန်းကျင်က စိတ်ကြည်လင် ပေါ့ပါးလန်းဆန်းလာအောင် ကူညီဖန်တီးပေးနိုင်ပါတယ်။ အစားအစာများ ပြင်ဆင်ချက်ပြုတ်တဲ့ မီးဖိုချောင်ကတော့ အခြားနေရာများထက် ပိုမိုသန့်ရှင်းသပ်ရပ်နေဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို ချက်ပြုတ်ပြင်ဆင်နိုင်မှာပါ။

ညစ်ပတ်ပေရေနေတဲ့ မီးဖိုချောင်မှာတော့ ဘက်တီးရီးယားများ ခိုအောင်းနေနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အချိန်ကုန်လည်း သက်သာ၊ လူလည်း သိပ်မပင်ပန်းစေဘဲ သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းတောက်ပြောင်သွားအောင် ဘယ်လိုပြုလုပ်ရမလဲ။

မုန့်ဖုတ်ဆိုဒါအသုံးပြုပါ

Source: Thaitrick.com

မီးဖိုချောင်အတွင်းရှိ စားပွဲခုံ၊ ဘေစင်၊ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်သော မီးဖိုစားပွဲ စသည့်နေရာများ ညစ်ပတ်နေရေနေတဲ့အခါ ထိုအရာများပေါ်သို့ မုန့်ဖုတ်ဆိုဒါများ ဖြူးပေးလိုက်ပါ။ ထို့နောက် အဝတ်စုတ်တစ်ခုကို ရေစွတ်ပြီးနောက် ထိုမုန့်ဖုတ်ဆိုဒါဖြူးထားသော နေရာပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အစောတုန်းက ညစ်ပတ်နေတဲ့နေရာက သန့်ရှင်းတောက်ပြောင်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။

စတီးဇွန်း၊ စတီးဘေစင် အစရှိသည့် မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းတောက်ပြောင်ဖို့အတွက် Grapefruit နှင့် ဆား အသုံးပြုပါ

Source: Organizationjunkie.com

Grapefruit သီးကို ထက်ခြမ်းခြမ်းပြီးနောက် Grapefruit သီးရဲ့ မျက်နှာပြင်ပေါ်တွင် ဆားဖြူးထည့်လိုက်ပါ။ ထို့နောက် စတီးဘေစင်နှင့် စတီးဇွန်း ခက်ရင်းတို့ကို ထိုဆားဖြူးထားသောအသီးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ မိမိစိတ်တိုင်းကျလောက်သည့်အချိန်အထိ ပွတ်တိုက်ပြီးတဲ့အခါ ရေဖြင့် ဆေးချလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ မီးဖိုချောင်သုံးပစ္စည်းများက အသစ်အတိုင်း သစ်လွင်တောက်ပနေတာကို မြင်တွေ့ရပါလိမ့်မယ်။

သင့်ရဲ့Oven ကို ဘယ်လိုသန့်ရှင်းရေး လုပ်သင့်သလဲ

ပန်းကန်လုံးတစ်လုံးထဲသို့ ရေ ၁၂၅ မီလီလီတာ ထည့်ပါ။ ထိုရေထဲသို့ သံပုယိုသီး တစ်လုံးညှစ်ထည့်လိုက်ပါ။ ညစ်ပြီးသား သံပုယိုခွံကိုလည်း ထိုရေထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် Oven ထဲထည့်ပြီး ၃ မိနစ်ခန့် အပူပေးလိုက်ပါ။ ၃ မိနစ်ပြည့်တဲ့အခါ Oven ကို ချက်ချင်းမဖွင့်သေးဘဲ Oven နံရံများ ရေငွေ့ပျံဖို့အတွက် ၅ မိနစ်ခန့် စောင့်ဆိုင်းပါ။ ၅ မိနစ်ပြည့်မှ ထိုခွက်ကို ထုတ်ပြီး ရေမြှုပ်ဖော့တုံးဖြင့် Oven နံရံကို ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ Oven က အသစ်အတိုင်းဖြစ်သွားပါပြီ။

ဒယ်အိုး၊ ဒန်အိုးတို့ကို အသုံးပြုပြီးတိုင်း ဘယ်လိုသန့်ရှင်းရေး လုပ်ရမလဲ

ဒယ်အိုး၊ ဒန်အိုးတို့ကို အသုံးပြုချိန်ကြာမြှင့်လာသည်နှင့်အမျှ အိုးရဲ့အောက်ခြေက မီးအပူချိန်ကြောင့် မည်းတူးနေတတ်ပါတယ်။ ဒါ့ကြောင့် အိုးတွေကို အသုံးပြုပြီးတိုင်းမှာ အိုးကို မှောက်ခုံထားလိုက်ပြီး မုန့်ဖုတ်ဆိုဒါဖြူးပေးလိုက်ပါ။ ထို့နောက် ရှာလကာရည်အနည်းငယ် ပက်ဖြန်းပြီးနောက် ရေမြှုပ်ဖော့တုံးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ဒယ်အိုးနှင့် ဒန်အိုးတွေက အသစ်အတိုင်း သစ်လွင်နေမှာပဲဖြစ်ပါတယ်။

Source: Familyhandyman.com