ငါးကြော်၊ ငါးဟင်းတို့က အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တစ်ခုဖြစ်ပေမယ့် ဟင်းပွဲတစ်ပွဲရအောင် ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာတော့ ငါးညှီနံ့က လက်မှာ စွဲကပ်နေတတ်ပါတယ်။

ဒါပေမဲ့လည်း စိတ်မပူပါနဲ့ လက်မှာ စွဲကပ်နေတဲ့ ငါးညှီနံ့တွေကို မီးဖိုချောင်က အစားအစာလေးတွေနဲ့ အလွယ်တကူဖယ်ရှားနိုင်ပါတယ်။

ဘယ်လိုဖယ်ရှားရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

သံပုယိုသီးနှင့် ရှာလကာရည်

ရှာလကာရည် ၂၄၀ မီလီလီတာနှင့် သံပုယိုရည် ၅၉ မီလီလီတာတို့ကို ပန်းကန်လုံးတစ်လုံးထဲသို့ ပေါင်းထည့်ပြီးနောက် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်ဆေးဆပ်ပြာရည် တစ်စက်ခန့်ကို ထိုသံပုယိုရည်ထဲ ထပ်ပေါင်းထည့်ကာ မွှေပေးလိုက်ပါ။ မိနစ် ၃၀ ပြည့်အောင် စိမ်ထားလိုက်ပါ။

မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ သင့်ရဲ့ ငါးညှီနံ့ နံနေတဲ့လက်ကို ထိုပန်းကန်ထဲထည့်ပြီး ပွတ်တိုက်ပေးလိုက်ပါ။ လက်ချောင်းလေးများကို စနစ်တကျပွတ်တိုက်ပြီးတဲ့အခါမှာတော့ ဆပ်ပြာနဲ့ ရေတို့အသုံးပြုပြီး ပြန်လည်ဆေးကြောသန့်စင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ငါးညှီနံ့တွေ ပျောက်သွားပြီး သံပုယိုရည်အနံ့လေးတွေ သင်းနေပါလိမ့်မယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ရေ လက်ဖက်ရည်ဇန်းတစ်ဇွန်းဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို လက်ပေါ်သို့ သုတ်လိမ်းကာ ပွတ်တိုက်ပေးလိုက်ပါ။ သေသေချာချာပွတ်တိုက်ပြီးသွားပါက ရေ၊ ဆပ်ပြာတို့ဖြင့် သန့်စင်အောင် ဆေးကြောပေးလိုက်ပါ။ ဒါဆိုင်တော့ လက်မှာ ကပ်ငြိနေတဲ့ ငါးညှီနံ့တွေ ပျောက်ကင်းသွားပါလိမ့်မယ်။

သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်ပေးပါ

Source: Healthline.com

အရင်ဦးဆုံး သင့်ရဲ့လက်ကို ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ တကယ်လို့ သင့်ရဲ့လက်က ခြောက်သွေ့နေမယ်ဆိုရင် သွားတိုက်ဆေးက အာနိသင်ပြမှာမဟုတ်ပါဘူး။

ရေနွေးဖြင့် ဆေးကြောပြီးတဲ့အခါ သွားတိုက်ဆေးအနည်းငယ်ကို လက်ဖဝါးထဲထည့်ပြီးနောက် လက်နှစ်ဖက်ကို ပွတ်တိုက်ပေးလိုက်ပါ။ လက်ဖဝါးရော လက်ဖမိုးမှာပါ ပွတ်တိုက်ပြီးတဲ့အခါ ရေနွေးနွေးလေးဖြင့် ပြန်လည်ဆေးကြောပေးလိုက်ပါ။ သွားတိုက်ဆေးကြောင့် လက်က ကပ်စေး ကပ်စေးဖြစ်နေတယ်ဆိုရင်တော့ ဆပ်ပြာအသုံးပြုပြီး ပြန်လည်ဆေးကြောပေးနိုင်ပါတယ်။

Source: Wikihow.com