အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဆေးသကြား လုံးဝ မပါဝင်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လီ ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္ဓည်းများ

  • ရှားစောင်းလက်ပတ် ၂ ရွက်
  • ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရှားစောင်းလက်ပတ်ရွက်ကို ရေအေးဖြင့် သန့်စင်အောင် ဆေးကြောလိုက်ပါ။

ထို့နောက် အရွက်ရဲ့ အစွန်းနှစ်ဖက်ကို ဓားဖြင့် လှီးဖြတ်လိုက်ပါ။ ပြီးရင်တော့ ရှားစောင်းလက်ပတ်ကို အလျားလိုက် ထက်ခြမ်း ခြမ်းလိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ရှားစောင်းလက်ပတ်သားကို ဓားဖြင့် လှီးယူလိုက်ပါ။ ထို့နောက် လက်မဝက် ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ပါ။

ရရှိလာတဲ့ ရှားစောင်းလက်ပတ်တုံးများကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် ရေအေးအေး ထည့်ကာ ၁၅ မိနစ်ခန့် စိမ်ထားပါ။

၃။ ထို့နောက် ရှားစောင်းလက်ပတ်တုံးများကို ဆယ်ယူပြီး ဒယ်အိုးထဲသို့ ထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်းထည့်ပြီးနောက် သကြားထည့်ကာ ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက ကျန်ရှိနေသော ရေများကို သွန်ပစ်ပြီး ရေအေးဖြင့် ထပ်မံဆေးကြောလိုက်ပါ။ ထို့နောက် ရှားစောင်းလက်ပတ်တုံးများကို ပန်းကန်လုံးထဲတွင် အအေးခံထားလိုက်ပါ။

၅။ ဒါဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လီလေး ရရှိသွားပါပြီ။

ကော်ဖီအေး (သို့) အချိုရည် (သို့) Smoothie ဖျော်ရည် လုပ်သောက်တဲ့အခါ ထိုရှားစောင်းလက်ပတ်ဂျယ်လီလေး ထည့်စားနိုင်ပါတယ်။

Source: Fullofplants.com