အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော်လေးတွေ ပုစွန်ကြော်လေးတွေ ကြော်စားတဲ့အခါ ပေါင်မုန့်အကြေအစလေးတွေ အမှုန်လေးတွေက မပါမဖြစ်ပါဘဲ။ ထိုပေါင်မုန့်အကြေအစလေးတွေကို ဂျုံမှုန့်လေးတွေနဲ့ အတူတူအသုံးပြုလိုက်မယ်ဆိုရင် အကြော်အတွက် လိုအပ်တဲ့ မုန့်နှစ်လေးတွေရရှိသွားပါတယ်။

ပေါင်မုန့်အကြေအစလေးတွေကို စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်သလို မိမိအိမ်မှာရှိပြီးသား ပေါင်မုန့်တွေကိုအသုံးပြုပြီလည်း အိမ်လုပ် ပေါင်မုန့်အမှုန်များ၊ အကြေအစများရရှိအောင် ဖန်တီးနိုင်ပါတယ်။

လိုအပ်မယ့် ပစ္စည်းလေးကတော့ ပေါင်မုန့် ၄ အောင်စပဲဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ပေါင်မုန့်များကို တစ်လက်မပတ်လည်အရွယ်အစားရှိ ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ။ ထို့နောက် ပေါင်မုန့်တုံးများကို အစားအစာများတုံးတစ်ရောနှောသည့်စက်ထဲသို့ထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ပေါင်မုန့်အကြေအစလေးများကို Oven ထဲထည့်မည့် လင်ဗန်းထဲတွင် ညီညီညာညာဖြန့်ကျက်လိုက်ပါ။ ထို့နောက် Oven ထဲထည့်ပြီး ငါးမိနစ်ခန့် ဖုတ်လိုက်ပါ။

၅။ အချိန်ပြည့်ပါက Oven ထဲက ထုတ်လိုက်ပြီးနောက် ၁၀ မိနစ်ခန့် အအေးခံလိုက်ပါ။

၆။ ဒါဆိုရင်တော့ ပေါင်မုန့်အမှုန့်လေးတွေ ရရှိသွားပါပြီ။ ပြီးရင်တော့ အလုံပိတ်ဘူးလေးထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။

Source: Jessicagavin.com