အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လူကြီးလူငယ်အားလုံးအကြိုက်တွေ့ကြမယ့် ခေါက်ဆွဲပြုတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်ဥပြုတ် နှစ်လုံး
• မှို ၂ ပွင့်
• ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
• တစ်လက်မပတ်လည် ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ) နှင့် ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)

• အသင့်စားခေါက်ဆွဲထုပ် တစ်ထုပ်
• နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် နှမ်းစေ့ အနည်းငယ်
• ဟင်းရွက်ပြုတ်ရည် (၆၂၅ မီလီလီတာ)
• ပဲငံပြာရည် စားပွဲတင်ဇွန်း နှစ်ဇွန်း
• မုန်ညှင်း အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုများကို ရေထဲမှာ မိနစ် နှစ်ဆယ်ခန့် စိတ်ထားလိုက်ပါ။ ပြီးရင် ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို မီးအပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခန့် ထည့်ထားလိုက်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ ထည့်ပြီး စက္ကန့် သုံးဆယ်ခန့် ဆီသတ်လိုက်ပါ။ ဂျင်းနှင့် ကြက်သွန်ဖြူအနံ့ မွှေးလာပါက မှိုနှင့် ဟင်းရွက်ပြုတ်ရည်တို့ထည့်ပြီး အိုးအဖုံးပိတ်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ဟင်းရွက်ပြုတ်ရည်များ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို လျော့လိုက်ပြီး ၁၀ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက အိုအဖုံးဖွင့်ပြီး ပဲငံပြာရည်နှင့် ခေါက်ဆွဲခြောက်တို့ ထည့်လိုက်ပါ။ ခေါက်ဆွဲများ နူးအိသွားဖို့ရန်အတွက် ၃ မိနစ်မှ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။
၄။ ခေါက်ဆွဲများ နူးအိသွားပါက မုန်ညှင်းများထည့်ပြီး ၂ မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။

၅။ အိုးထဲသို့ နှမ်းဆီနှင့် ကြက်သွန်မြိတ်များ ထပ်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၆။ ရရှိလာတဲ့ခေါက်ဆွဲပြုတ်များကို ပန်းကန်လုံးထဲထည့်ပြီးနောက် နှမ်းဆီလေးဖြူးထည့်လိုက်ပါ။

၇။ ကြက်ဥပြုတ်ကို အခွံခွာပြီးနောက် ထက်ခြမ်းခြမ်းကာ ခေါက်ဆွဲပြုတ်ထဲထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခေါက်ဆွဲပြုတ်ပူပူလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Healthynibblesandbits.com